" နဒီ့ "
" ဗုဒ္ဓေါ! ကိုထွဋ်ခေါင်ရယ် လန့်လိုက်တာဆိုတာ ဘယ်လိုဖြစ်တာတုန်း "
" လန့်သွားတာလား ဆောရီးနော် ကိုယ်က စလိုက်တာပါ ဒါနဲ့ နဒီဘာလုပ်နေတာလဲ "
" ဟင်းးး မြင်ရဲ့သားနဲ့ ဖွားဖွားတွက် ဟင်းချက်ပေးနေတာလေ ဘာလို့လဲ ကိုထွဋ်ခေါင်ကဘယ်သွားမလို့လည်း ဝတ်လာတာကိုကြည့်ပါဦး ထူးခြားနေသလိုဘဲ "
" ကိုယ်ကူညီပေးမယ်လေ ဘယ်မှမသွားပါဘူး မင်းလေးနဲ့ မနက်စာအတူစားချင်လို့ လာတာ "
" အော်ဟုတ်ပါပြီ အာ့ဆိုခနစောင့်နော် ကူညီစရာတော့မလိုပါဘူး ပြီးတော့မှာ "
" ဟုတ်လား ဒါဆို ကိုယ်အိမ်ထဲဝင်စောင့်နေမယ်နော် "
" အင်းပါ "
အိမ်ငယ်လေးထဲဝင်လိုက်ကာ ကြမ်းခင်ပေါ်တွင် ထိုင်လိုက်သည်။ ချမ်းသာတဲ့အိမ်တွေမှာရှိတဲ့ဧည့်ခန်းက စားပွဲတစ်လုံးကို ဆိုဖာတွေဝန်းရံထားတတ်သည်။ ဆင်းရဲတဲ့အိမ်တွေမှာရှိတဲ့ဧည့်ခန်းကျ ဆိုဖာမပြောနှင့်ခုံတောင်မရှိ ကြမ်းခင်းပေါ်သာ ထိုင်ရသည်။
ထွဋ်ခေါင်မှာ ချမ်းသာသည့်မိသားစုကဆင်းသက်လာသည့်သူဌေးသားဖြစ်တာကြောင့် ဆိုဖာအစားကြမ်းခင်းတွင်ထိုင်ရသည်မှာ သက်သောင့်သက်သာမရှိပေ။ ဆိုဖာလိုလည်းအိမနေတာကြောင့် ထိုင်တာကြာလေ ခါးတွေပါနာလာတတ်သည်။ နဒီဟင်းချက်နေတာ ၃၀မိနစ်လောက်ရှိနေပြီဖြစ်သည်။ကြားထဲ လက်ဖက်သုပ်လာချပေးလို့ စားရင်းစောင့်နေရသည်။ မကြာပါ ခနနေတော့ နဒီက မီးဖိုခန်းတွင် အလုပ်လက်စသတ်ကာ အိမ်ထဲဝင်လာတော့သည်။
" စောင့်ရတာကြာသွားလား ဆောရီးနော် လက်ချော်ပြီးဟင်းမှောက်သွားတာ ပြန်ချက်နေရလို့ "
" မင်းဘာဖြစ်သွားသေးလဲ မှောက်သွားတာဆိုတော့ အပူလောင်တာမဖြစ်ဘူးလား ဘယ်နားမှာလဲ "
ထိုင်ရာမှ အပြေးထကာ နဒီ့ပုခုံးနှစ်ဖက်ကိုကိုင်ပြီး ဟိုလှည့်ခိုင်းဒီလှည့်ခိုင်းနှင့်စူးစမ်းနေသည်။
" ကိုထွဋ်ခေါင်ရယ် ကျွန်မဘာမှမဖြစ်ပါဘူး အပူလည်းမလောင်ဘူး ဘာလို့ပျာယာခတ်နေရတာလဲ "
YOU ARE READING
MY Bad Elder Brother...
عاطفية" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတဲ့ခင်ဗျား ၊ ပစုပ္ပန်ကခင်ဗျား ၊ အနာဂတ်ကခင်ဗျား.. အရာအားလုံးကို မြတ်နိုးတယ် ခင်ဗျားနဲ့ပတ်သက်တာမှန်သမျှ ကျုပ်ချစ်တယ်... " " ... "