Unicode
တိန်... တိန်... ( လေယောဉ်ဆိုက်ရောက်ကြောင့် အသိပေးသံ )
လေယာဉ်ဆိုက်ရောက်သည်နှင့် လေဆိပ်တစ်ခုလုံး ဆူညံနေကာ ရုတ်ရုတ်သဲသဲဖြစ်လာသည်။
ရှိုင်းနှင့်monလေယာဉ်ပေါ်မှ ဆင်းပြီးနောက် ဘေးချင်ယှဉ်ကာ အပြင်ဘက်ကို လျှောက်လာခဲ့သည်။ ပြီးနောက် မှတ်တိုင်ရှိထိုင်ခုံတွင် monက ထိုင်နေလိုက်သည်။ ရှိုင်းကတော့ တစ်ယောက်ယောက်ကိုဖုန်းဆက်နေပုံရသည်။
" ခနစောင့်ဦး ခနနေ ကျုပ်အိမ်ကလူလာမှာ ခင်ဗျား မိသားစုကိုရှာမှာဆိုတော့ ကျုပ်အိမ်မှာနေလို့ရတယ် အခန်းလွတ်ရှိတယ် နေလို့ရတယ် "
" အင်း ကျေးဇူးဘဲ ခန့် "
ပိုင်စိုးပိုင်နင်း အသုံးအနှုန်းကြီးတော့ ရှိုင်းတစ်ခနတော့ ကြောင်အမိသည်။ သို့သော်လည်း အရေးမပါသလိုသာ တောင့်တောင့်ကြီးရပ်နေသည်။
၁၅မိနစ်လောက်နေတော့ သူတို့ရှေ့ကားတစ်စီးထိုးရပ်လာသည်။ ပြီးတော့ ကားထဲမှဆင်းလာတဲ့သူက...
" ခင်ဗျား... "
" အထင်မလွဲနဲ့ မင်းကိုလာကြိုဖို့ဘယ်သူမှမရှိလို့ ငါလာတာ "
" ဒါဖြင့် ခုနကဖုန်းကိုင်တာက... "
" ငါဘဲ "
" ကျုပ်ခေါ်တာခင်ဗျားကိုမဟုတ်ဘူး "
" သခင်လေးရယ် အချိန်ကိုကြည့် မင်းကိုကြိုဖို့ အားတက်သရော စောင့်နေတဲ့သူမရှိဘူး "
လွန်းကပြောတော့ ရှိုင်းက ဘာမျှမပြောဘဲ ကားထဲဝင်ထိုင်လိုက်သည်။
" Mon တက်လေ "
" အော် အင်း "
ရှိုင်းအသံကြားမှ Monက ထိုင်နေရာမှထကာ ခရီးဆောင်အိတ်အား သယ်ဖို့လုပ်တော့...
" ထားလိုက်mon သူသယ်လိုက်မယ် "
ရှိုင်းက သူမကို ပြောကာ လွန်းကိုမျက်စပစ်ပြသည်။ လွန်းမှာ သက်ပြင်းချရုံက လွဲပြီး ဘာမှမတတ်နိုင်ခဲ့...
( တစ်သက်လုံး မပြောင်းလဲမဲ့ကောင် )
လွန်းက စိတ်ထဲမှ ကြိတ်ကာပြောလိုက်သည်။လွန်းမျက်နှာက ရှိုင်းမြင်နေကျမဟုတ်ဘဲ မာနကြီးသည့်မျက်နှာဘေးရှိသည်။ ရှိုင်းကိုလည်း ဂရုမစိုက်ဘဲနေနိုင်သည့်ပုံပင်။ အရင်ကတော့ ထိုသို့မဟုတ်။
![](https://img.wattpad.com/cover/359999675-288-k697445.jpg)
YOU ARE READING
MY Bad Elder Brother...
Romans" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတဲ့ခင်ဗျား ၊ ပစုပ္ပန်ကခင်ဗျား ၊ အနာဂတ်ကခင်ဗျား.. အရာအားလုံးကို မြတ်နိုးတယ် ခင်ဗျားနဲ့ပတ်သက်တာမှန်သမျှ ကျုပ်ချစ်တယ်... " " ... "