အပိုင်း(၃၀) unicode

1.4K 23 0
                                    

" အင်းးးး ဟင့်... "

ခန်းစည်းလိုက်ကာမှ ထိုးဖောက်ဝင်ရောက်လာသည့်နေရောင်ခြည်လေးမှာ လွန်းငယ်၏မျက်နှာလေးထက် ဖြာကျလာတာကြောင့် နိုးလာရသည်။ မိမိအား တင်းကြပ်စွာပွေ့ပိုက်ထားသည့်ရှိုင်းကို ဖယ်ထုတ်ကာ ထရန်ကြိုးစားသည်။

" ဘာလုပ်တာလဲ အစောကြီးရှိသေးတာကို "

" မင်းကလည်း မျက်လုံးဖွင့်ကြည့်ဦး နေကြီးကိုထင်းလို့ နောက်ကျနေပြီ "

ပြွတ်!!!

" အင့်..အွန်းးးး ဘာလို့နမ်းတာလဲ "

" စည်းမျဉ်းချိုးဖောက်လို့ "

" ယောင်သွားလို့ပါ ထတော့ "

" ကျစ်! စိတ်ရှုပ်စရာဘဲ ၅မိနစ်ဘဲ အိပ်ပါရစေဦး ပင်ပန်းနေလို့ "

" စိတ်ရှုပ်တယ်ပေါ့ သူကဘဲပင်ပန်းရတယ်ရှိသေး အကျင့်ကိုမကောင်းဘူး "

စိတ်ဆိုးသွားပါပြီ။ ထဖို့ နှိုးတာကို မထဘဲ ပေကပ်နေလို့ ချစ်ရသူလေးစိတ်ကောက်သွားပြီ။ နာကျင်နေသည့်ကြားက အတင်းကုန်းရုန်းကာ ထနေသည့်ချစ်သူလေးကို ဝေဝါးသောအကြည့်များဖြင့်ကြည့်ပြီး မနေနိုင်တဲ့အဆုံး ထရတော့မည်။

" ကျစ်! စကားကိုနားမထောင်ဘူး လာထ ရေချိုးမလား "

" သွားပါ ကိုယ့်ဘာသာသွားအိပ်ချည် ငါ့ကိုဂရုမစိုက်နဲ့ "

" ဟောဗျာ ‌မောင်တောင်းပန်ပါတယ် ဟုတ်ပြီလား ‌အိပ်ချင်မူးတူးနဲ့ပြောလိုက်တဲ့စကားမို့ စိတ်ထဲမထားပါနဲ့ မောင်ဘာလုပ်ပေးရမလဲပြော "

" မလိုပါဘူး အိပ်ချင်တယ်မလား အိပ်လေ "

" ဟော မောင်မှားသွားပါတယ်လို့ မောင့်ကိုမကျေနပ်ရင် အပြစ်ပေးလို့ရတယ် ဘာလုပ်ပေးရမလဲသာပြော "

" တကယ်လား ငါဘာခိုင်းခိုင်း လုပ်ပေးမှာလား "

" လုပ်ပေးမယ် လုပ်ပေးမယ် ဟုတ်ပြီလား ပေါက်ကရတော့မခိုင်းနဲ့ "

ခနတာစဉ်းစားလိုက်ပြီး ပြုံးကာ ရှိုင်းကိုပြောလိုက်သည်။

" ဖေဖေ့ကိုကြည့်ရတာပင်ပန်းနေပုံပဲ ဒီနေ့ဖေဖေ့ကို ဂရုစိုက်ပေးလိုက် အာ့ဆို မောင့်ကိုစိတ်မဆိုးတော့ဘူး "

MY Bad Elder Brother...Where stories live. Discover now