1

2.8K 212 27
                                    

စစ်ဘေးသင့်နိုင်ငံတွေအတွက် သူဦးဆောင်ရတဲ့ ဆေးတပ်သားပေါင်း ရှစ်ဦးသာရှိသည်။ တိမ်းရှောင်လာသော စစ်ဘေးရှောင်တွေအား အစားအသောက်နှင့်ဆေးဝါးကို စနစ်တကျ စီစဥ်ပေးပြီး ကျန်းမာရေးကိစ္စတွေကိုတော့ ကိုယ်တိုင်လုပ်​ပေးရသည်။

'' major  မာနိုဘန် , စာပါတယ် ''

ချစ်သူရည်းစားဆီက မဟုတ်ပါ။ တပ်ရင်းက ပို့လိုက်သော စာတစောင်။ မကြာခင်မှာ လူစားဝင်ရောက်မည့် ကိုရီးယားမှ စစ်ဆရာဝန်များ ရောက်ရှိလာတော့မှာမို့ သည်းခံပေးပါဦးဆိုတဲ့ နှစ်သိမ့်စာ။

'' ဘာတဲ့လဲ major  ''

'' ကျွန်မတို့ မကြာခင် ပြန်ရတော့မှာပါ တဝမ် ''

'' လူစားလာမယ်တဲ့လား။ ဒီတခါ ဘယ်နိုင်ငံလဲ ''

'' စာထဲမှာတော့ ကိုရီးယားလို့ရေးထားတယ်။ ချက်ချင်းတော့ ပြန်လို့မရလောက်ဘူး။ အခြေကျအောင် ကူညီပြီးမှ ပြန်ရလိမ့်မယ် ''

'' စာတွေလာတိုင်း Dear Johnn ဇာတ်ကားကို သတိရတော့တာပဲ major. major မှာရော စာပို့ပြီး ချစ်သဝဏ်လွှာပါးမယ့် ကောင်လေးဖြစ်ဖြစ် ၊ ကောင်မလေးဖြစ်ဖြစ် မရှိဘူးလား ''

ဆေးတပ်ကြပ်ကြီး ချိုင်ထန်၏စကားကို ပြုံးရုံသာပြုံးလိုက်သည်။ ဆရာဝန် နှစ်ဦး၊ ဆေးတပ်သား နှစ်ဦး၊ ကျန်သည့်လေးဦးမှာ သူနာပြုသုံးဦးနှင့် တပ်ကြပ်ကြီး။ လူမှန်းသိတတ်စ အရွယ်ကတည်းက လူတွေကိုကယ်တင်ဖို့ ဒီလမ်းကို ရွေးချယ်ခဲ့သည်။ ထိုင်းနိုင်ငံရဲ့ ဆေးတက္ကသိုလ်မှာ ပညာသင်ကာ ကျောင်းဆင်းပြီးချိန်၌ စစ်ဘေးသင့်သူတွေကို ကူညီဖို့ ထိုင်းတပ်မတော်ထဲကို ဝင်လိုက်သည်။

အသက်နှစ်ဆယ့်ခုနစ်တွင် ဗိုလ်မှူး ဆိုသော ရာထူးကိုရသည်။ အသက်အန္တရာယ်ကို ဂရုမစိုက်ပဲ တာဝန်ကျေခဲ့တဲ့ သူ့အတွက် ထိုက်တန်တာထက်ပို၍ ထိုက်တန်ခဲ့သော ရာထူးဖြစ်ခဲ့သည်။

စစ်ဘေးရှောင်တွေကိုပဲ ကူညီရခြင်းမဟုတ်။ ဒဏ်ရာရသော စစ်သားတွေကိုလည်း ကုသပေးရသည်။ သူ၏နာမည်ကို နှစ်ဖက်သော လက်နက်ကိုင်တွေ ရင်းနှီးကြတယ်။ လူဆိုးကိုပယ်ပြီး လူကောင်းမှ ကုသရမည်ဟု ဆေးပညာ၌ မရှိသောကြောင့် သူ့ဆီရောက်လာသူမှန်သမျှကို သက်သာစေခဲ့သည်။

The Angel Who Saved MeWhere stories live. Discover now