တီးတောင်...
ဘဲလ်သံ အဆက်မပြတ် ထွက်ပေါ်နေပြီး တံခါးကို ထုရိုက်သံပါ ကြားသည်။ သူမရဲ့ဇနီးက ထိုသို့အပြုအမူမျိုး မလုပ်ဖူးဘူး။ ဧည့်သည်တွေဆိုရင်တောင် ဒီလိုမကြမ်းတမ်းသင့်ဘူး။
'' မဒမ် ပစ္စည်းတွေထည့်။ ရရာ လေယာဥ်နဲ့ ဒီနိုင်ငံက ထွက်သွားကြမယ် ''
ရေးကြီးသုတ်ပြာ ဖြစ်နေသော သူ့ပုံစံကို မဒမ်ဟာ မမှိန်မသုန်လေး စိုက်ကြည့်နေသည်။ ရုတ်တရက် လက်ပိုက်၍ နှုတ်ခမ်းထက်ဝယ် လှောင်ပြုံးလေးကို ပြုံးသည်။
'' လူသတ်ခဲ့ပြန်ပြီလား ''
'' စကားနာ ထိုးမနေနဲ့။ နောက်စရာ ကိစ္စမဟုတ်ဘူး။ အဝတ်တွေ သိမ်း ''
'' မသိမ်းဘူး ''
'' ခေါင်းမမာနဲ့ မဒမ်။ သမ်ီးလေးကို ခေါ်လိုက်။ ပစ္စည်းတွေ ထည့်ပါ။ ကျွန်မကို အရွဲ့တိုက်ချင်တယ်ဆိုရင်တောင် အခုလောလောဆယ် ကျွန်မပြောတာ နားထောင် ''
အဓိကက နိုင်ငံကူးလက်မှတ်ပဲ။ သမီးလေးအတွက်တော့ အဝတ်နည်းနည်း ထည့်လိုက်သည်။ မဒမ်ကတော့ နေရာမှာ ရပ်နေဆဲ။
'' ကျွန်မတို့ အရေးကြီးခွဲစိတ်မှု လုပ်ခဲ့ရတယ်။ နိုင်ငံသဘောတူညီချက်တွေနဲ့ သမ္မတဟောင်းကို နှလုံးအစားထိုးပေးခဲ့ရတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် လူနာက အရမ်းအသက်ကြီးနေလို့ နှလုံးအသစ်ကို လက်မခံနိုင်ခဲ့ဘူး။ မအောင်မြင်ရင် သေဒဏ်တဲ့ ''
မဒမ်ဟာ သူ့အား ကြည့်မနေသော်လည်း နားထောင်နေမှန်း သိသည်။
'' အထက်လူကြီးတွေက အောင်မြင်တဲ့မစ်ရှင်လို့ ပြောကြတယ်။ ဒါပေမယ့် အခုတော့ နောက်ကွယ်ကနေ အဲဒီTeam တစ်ခုလုံးကို အမြစ်ဖြုတ်ဖို့ လုပ်နေကြတယ် မဒမ် ''
မဒမ်ကိုရှင်းပြရင်း သမီးလေးပစ္စည်းတွေကို သိမ်း၍ပြီးသွားသည်။ သူလှည့်ကြည့်လိုက်တော့ မဒမ်ဟာ နဂိုပုံစံအတိုင်း လက်ပိုက်လျက်။
'' ပရော်ဖက်ဆာ ဆောင်းမင်ဂျယ်လည်း မတော်တဆမှု ဖြစ်တယ်တဲ့။ ထွက်သွားမှ ဖြစ်မယ် မဒမ် ''
'' ရှင့်လုပ်ရပ်တွေက ကျွန်မတို့ကို ရိုက်ခတ်တာပဲ။ ဘာတွေကို သွေးပျက်ပြနေတာလဲ ''
YOU ARE READING
The Angel Who Saved Me
Fanfictionရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား