ဘန်ထွက်သွားတာနဲ့တပြိုင်နက် တံခါးကိုပိတ်ပစ်လိုက်ပြီး တံခါးကိုကျောမှီကာ ဂျီဆူး ပုံကျသွားသည်။ သူမဟာ ချယ့်အပေါ် ဖောက်ပြန်မိလေပြီ။ ဘန့်ရဲ့အကြည့်စူးစူးတွေအောက် ဖြူစင်လှတဲ့ ချယ့်ရဲ့မျက်လုံးလေးတွေကို ဂျီဆူး မေ့ပစ်မိတော့မလို့။ ငိုဖို့တောင် မျက်ရည်တွေကျမလာတဲ့ သူမအဖြစ်က ဘာနဲ့တူနေလဲ မပြောတတ်တော့။ အိပ်ရာကနိုးပြီး ငုတ်တုတ်လေးထိုင်လာသော ဂျီယောင်းလေးကို ပွေ့ဖက်လိုက်သည်။
'' မေမေ သစ္စာဖောက်မိပြီ။ ဘယ်လိုလုပ်ရမလဲဟင် ''
သူမရဲ့မျက်နှာကိုကြည့်ကာ သမီးလေးက ငိုမဲ့မဲ့လေး ဖြစ်လာသည်။ သမီးလေးကို ရင်ခွင်ထဲ ပွေ့ပိုက်လိုက်တဲ့အခါ ဂျီဆူး မျက်ရည်တွေကျလာတော့သည်။
အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး အတော်ကြာ သူ့ကို ရှောင်နေမိသည်။ သူကလည်း အလိုက်တသိပဲ ဂျီဆူးကို လွှတ်ထားပေးသည်။ မူကြိုကျောင်းမှာ စာမသင်ရတော့ company ကို တလတခါ သွားကြည့်သည်။
'' ဥက္ကဌကင်တို့ ကလေးမွေးပြီးမှ အရမ်းလှလာတယ် ''
'' တသားမွေး တသွေးလှဆိုသလိုပေါ့ ဒါရိုက်တာကတော်ရယ်။ ကလေးလေးရဲ့ဝေယျာဝစ္စကို လုပ်ပေးနေရတာနဲ့ ကိုယ့်ကိုကိုယ်တောင် ပြင်ချိန်မရှိပါဘူး ''
ဒီကလေးကို မွေးစားထားမှန်း သိကြသော်လည်း ဂျီဆူးဝမ်းနဲ့လွယ်မွေးထားသလို ပြောဆိုဆက်ဆံအောင် ပတ်ဝန်းကျင်ရဲ့အမှိုက်စကားတွေကို ရှင်းလင်းခဲ့သည်။ သမီးလေးရဲ့စိတ်လေး ဒဏ်ရာမဖြစ်ဖို့အတွက် သူမကာကွယ်ရမည်။
'' သမီးလေး ဦးလေးကိုနှုတ်ဆက်လိုက်တော့လေ။ မေမေတို့ ပြန်ကြမယ် ''
သူမရဲ့အစ်ကိုကိုပဲ company အပ်ထားခဲ့တာ ချယ်နှင့်ချစ်သူဖြစ်ကတည်းက ဆိုပါတော့။ company ရဲ့အမြတ်ငွေကို % အညီအမျှ ခွဲဝေယူပြီး လုပ်ပိုင်ခွင့်တွေကိုတော့ အစ်ကို့ကိုပဲ လွှဲပေးထားသည်။
လမ်းလျှောက်တတ်ခါစ သမီးငယ်ဟာ ခြံထဲမှာ လျှောက်သွားနေတုန်း company က ယူလာသော စာတမ်းတွေကို သူမဖတ်နေလိုက်သည်။ အလုပ်ထဲကို အာရုံရောက်သွားပြီး အချိန်အတော်ကြာသွားသည်။ ဂျီဆူး ခါးကိုမတ် အကြောဆန့်လိုက်တဲ့အခါ သမီးလေးရဲ့အသံကိုမကြားရတော့တာကို သတိထားမိသွား၏။
YOU ARE READING
The Angel Who Saved Me
Fiksi Penggemarရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား