တိုက်ခန်းကျဥ်းလေးက သူ့တယောက်အတွက် လွန်စွာအဆင်ပြေသည်။ ကိုရီးယားမှာ ဇာတ်မြုပ်နေတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးနောက် တိုက်ခန်းလေးတစ်ခန်း ဝယ်ဖို့ပြင်ဆင်သည်။ သို့သော် ဘဝဟာ ရုပ်ရှင်လို ချောမွေ့မနေလို့ အခက်အခဲတွေတော့ ကြုံရစမြဲ။
'' စပေါ်ငွေ အလိမ်ခံလိုက်ရတယ်ဆို ဘန် ''
လည်ဂုတ်ကို ပွတ်သပ်ပြီး ခေါင်းငုံ့ထားတဲ့ဘန်က ခေါင်းတချက်ငြိမ့်သည်။ ငှားထားတဲ့တိုက်ခန်းကလည်း ရက်ပြည့်ဖို့မလိုတော့ဘူး။ အလိမ်ခံလိုက်ရတာကလည်း ပမာဏမနည်း။ သူ့ကိုကြည့်ပြီး ဂျီဆူးသက်ပြင်းချလိုက်မိသည်။
'' ကျွန်မအိမ်မှာ အခန်းပိုရှိတယ်။ လိုက်နေချင်လား ''
မိန်းမပျိုက စကားလမ်းကြောင်းပေးပေမယ့် လီဆာ ခေါင်းခါငြင်းလိုက်သည်။ အလိုလိုမှ ကိုယ်နဲ့သူမကို အတင်းအဖျင်းပြောနေကြတာ။ သူမအိမ်မှာ လိုက်နေရင် .... ကိုယ်က ပြဿနာမရှိ။ သူမရဲ့စေတနာကြောင့် လူတွေရဲ့ပုတ်ခတ်မှုကို မခံရစေချင်ဘူး။
'' ကျွန်မ အဆင်ပြေပါတယ် မဒမ်။ ဒီရက်ထဲ ရှာလိုက်ပါ့မယ်။ တိုက်ခန်းက တနှစ်ငှားထားတာလေ။ တလခွဲလောက် အချိန်ရပါတယ်။ ကျွန်မ ရှာလိုက်မယ် ''
မအူမလည်နှင့် ဘန့်ကိုကြည့်လို့ နောက်တကြိမ် သက်ပြင်းချရပြန်သည်။ သူဟာ သူမကိုအားနာနေမှန်း သူ့အမူအရာတွေကနေ သိပါသည်။ သူမတို့နှစ်ယောက် ရိုးသားပေမယ့် ပတ်ဝန်းကျင်မှာက ဝေဖန်မှုတွေ ပလူပျံနေသည်။
'' တလကျော်လို့မှ အိမ်အဆင်မပြေရင် ကျွန်မနဲ့လာနေပါ ''
'' အခုတိုက်ခန်းကို ဆက်ငှားလိုက်ပါ့မယ် ''
သူ့တိုက်ခန်းကို သူမရောက်ဖူးသည်။ သူဘယ်လိုနေလဲမသိ။ သူမကတော့ ခဏလေးတောင် အသက်ရှုကြပ်သည်။
'' ကျွန်မနဲ့လာနေပါဆို။ ကျွန်မလည်း တယောက်တည်း ၊ ဒီတိုင်းနေရတာ အဆင်မပြေရင် အိမ်ငှားခ ကျွန်မကိုပေး ''
လီဆာ ပြုံးသာ ပြုံးနေလိုက်တော့သည်။ ဆက်၍လည်း မငြင်းချင်တော့ပေ။ ကိုယ်မသွားရင် ပြီးတာပဲမလား။
YOU ARE READING
The Angel Who Saved Me
Fanfictionရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား