8

992 163 17
                                        

လိုအပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး အခန်းအပြင်ဘက်ကို ထွက်ခဲ့သည်။ မဒမ်တို့အခန်းကို တံခါးခေါက်ကာ သွားတော့မယ့်အကြောင်း ပြောဖို့စောင့်နေလိုက်သည်။

'' ဝင်ခဲ့ ဘန် ... ကလေးအိပ်နေလို့ ''

မဒမ့်အသံတိုးတိုးလေးကို ကြား၍ တံခါးကိုဖြည်းညင်းစွာဖွင့်ပြီး ဝင်ခဲ့သည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသော သမီးလေးရဲ့ဘေးမှာ မဒမ်လှဲနေသည်။ သူ့ကိုမြင်တော့ မဒမ်ဟာ လှဲလျောင်းနေရာမှ ငုတ်တုတ်ထထိုင်သည်။

'' သွားတော့မှာလား ''

'' အင်း သွားတော့မယ်။ ကျန်းမာရေး ဂရုစိုက်နော် မဒမ် ''

စကားနှစ်ခွန်းပဲပြောပြီး အခန်းထဲက ပြန်ထွက်ခဲ့သည်။ သူ့နောက်ကနေ ခြေသံဖွဖွက အတိုင်းသား။ ခြံထဲရောက်ပြီး သူ့ကားတံခါးကို ဆွဲဖွင့်ဖို့အလုပ်..။

'' သေချာပေါက် ကျွန်မဆီကိုပြန်ခဲ့မှ ဖြစ်မယ် ဘန် ''

ဒီတခါတော့ အပြည့်အဝပြုံးလိုက်မိသည်။ မြတ်နိုးရတဲ့အမျိုးသမီးကို ပြတ်သားသော လေသံ​ဖြင့် ...။

'' မဒမ်နဲ့သမီးလေးဆီကို ကျွန်မ ကျိန်းသေပြန်လာခဲ့မယ်။ ကျွန်မကိုစောင့်နေပါ မဒမ် ''

*****

ကိုရီးယားဆေးစစ်ဘက်ဆိုင်ရာမှ ပရော်ဖက်ဆာ ဗိုလ်ချုပ်လေးဦး၊ ရင်ခေါင်းခွဲစိတ်က ပရော်ဖက်ဆာ ဆောင်းမင်ဂျယ်၊ ​သံတမန်နိုင်ငံက ဗိုလ်ချုပ်မာနိုဘန် နှင့် ဗိုလ်ချုပ်ဘရူနို။ ခွဲစိတ်မှုအတွက် ခေါင်းခံထားသူက ဗိုလ်ချုပ်ယွန်။

'' နောက်ဆယ်မိနစ်​နေရင် စမယ်။ စိတ်ကို ငြိမ်ငြိမ်ထားကြပါ ဒေါက်တာတို့ ''

လူနာကလည်း အသက်နဲ့ရင်းရမယ်။ ဆရာဝန်တွေလည်း အသက်ကိုရင်းရမယ်။ အန္တရာယ်များသော အစားထိုးခွဲစိတ်မှုဖြစ်ပြီး အောင်မြင်ခဲ့လျှင် တသက်ထိုင်ဖြုန်းလို့ရနိုင်တဲ့ ငွေကြေးတွေရှိမည်။ ဓားကိုင်ရမယ့် ပရော်ဖက်ဆာတွေ၊ ယခု ခွဲခန်းထဲကိုဝင်ရမယ့် ဝန်ထမ်းတွေဟာ ပိုက်ဆံကြောင့် မဟုတ်ပဲ အားနည်းချက်တွေကို ကာကွယ်ချင်၍သာ ဝင်ခဲ့ကြသူများဖြစ်သည်။

The Angel Who Saved MeWhere stories live. Discover now