'' ဘာကူညီပေးရမလဲ မစ်စ် ''
'' ဒါက.... အင်း ဘယ်ကစပြောရမလဲဆိုတော့ ''
'' အလုပ်ခေါ်စာထင်တယ်။ အဲ့ဒါက ပီယာနိုသင်ပေးရမှာ။ သင်တန်းကျောင်းအုပ်ဆီ သွားပါ။ ကျွန်မနာမည်ရေးထားပေမယ့် ကျောင်းအုပ်က တာဝန်ခံပါ ''
သူ့လက်မှာကိုင်ထားမိတဲ့ စာရွက်ကို ညွှန်ပြကာ သူမက ပြောသည်။ ကျောင်းထဲကိုမဝင်ခင် လက်ကမ်းစာစောင်ကို ယူလာမိတာ မှန်သွားပြီထင်၏။ အနေရခက်သည့် အခြေအနေမှ လွတ်မြောက်သွားသည်။
'' ဟုတ်ကဲ့ ''
ဒီနေ့မဟုတ်လည်း နောက်နေ့တွေပြောလို့ရပါတယ်။ အေးဆေးပေါ့ မာနိုဘန် ။ ကိုယ့်ကိုကိုယ်နှစ်သိမ့်ပြီး ကျောင်းအုပ်ရှိရာကို ၎င်းမိန်းမပျိုနဲ့အတူ သွားခဲ့သည်။
မူကြိုကျောင်းကပေးသော လစာဟာ သူ့ဝင်ငွေအစွန်းထွက်တောင် မရှိပါ။ သို့ပေမယ့် လက်ခံခဲ့ပါသည်။ အကြောင်းကတော့ မိန်းမပျိုကို ကူညီချင်၍ဖြစ်သည်။
'' အဆင်ပြေသွားပြီ။ မဟုတ်ရင် ကျွန်မပဲ ကဗျာသင်၊ ကျွန်မပဲ ပီယာနိုတီးနေရတာလေ ''
'' ဟုတ်ကဲ့ ''
သူ့ထက် အရပ်နိမ့်တဲ့ မိန်းမပျိုကို ငုံ့ကြည့်ကာ ဖြေတော့ သူမကလည်း သူ့ကိုမော့ကြည့်လာသည်။ မိန်းမပျိုရဲ့နှုတ်ခမ်း၌ ချိတ်ဆွဲလိုက်သည့် အပြုံးက လွန်စွာကြည့်ကောင်းသည်။ ဝတ္တရားအရ ပြုံးလိုက်တာဖြစ်သော်ငြား ကျတ်သရေရှိလှသည်။
ငှားထားသော တိုက်ခန်းက ကျောင်းနဲ့ သိပ်မဝေးတာမို့ စက်ဘီးဝယ်လိုက်သည်။ မိန်းမပျိုကတော့ ကားနှင့်လာတာကို တွေ့သည်။ ကလေးတွေနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ သူ့အတွက် ဒီအလုပ်က စိန်ခေါ်မှုဖြစ်နေသည်။
'' coffee သောက်မလား ''
'' ဟုတ်ကဲ့ ''
စက်ကော်ဖီတခွက်ကို သူ့ဆီ မိန်းမပျိုက ပေးသည်။ သူမပေးတဲ့ ကော်ဖီခွက်ကိုယူကာ နှုတ်ခမ်းမှာ နေရာယူလိုက်သည်။
'' ဘယ်နိုင်ငံသားလဲ မစ်စ် ''
'' ထိုင်းကလာတာပါ မဒမ် ''
'' ဝေးတာပဲ။ ရောက်တာကြာပြီလား ''
'' မကြာသေးပါဘူး ''
YOU ARE READING
The Angel Who Saved Me
Fanfictionရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား