သမီးလေးရဲ့ ဆံပင်လေးတွေကို ကျစ်ဆံမြီးလေးကျစ်ကာ သမီးလေးရဲ့ တနေ့တာကိစ္စတွေ၊ သိချင်တဲ့မေးခွန်းတွေကို ဂျီဆူးပြောပြနေသည်။
'' သူ့မေမေကလည်း မေမေ့လိုပဲ company မှာ အလုပ်လုပ်တာတဲ့။ သူ့ဖေဖေက သူငယ်ငယ်လေးတည်းက ထွက်သွားပြီး ပြန်မလာတော့တာလို့ ပြောတယ် မေမေ ''
'' ဟုတ်လား .. သူ့ဖေဖေက ဘယ်သွားလို့လဲ ''
'' ပရဟိတလုပ်ဖို့သွားတယ် တဲ့ ''
ကျစ်ဆံမြီး ကျစ်ပြီးသွား၍ သမီးလေးကို ဂျီဆူးဘက် လှည့်လိုက်သည်။ သမီးလေးက မွေးစားခဲ့တယ်ဆိုပေမယ့် ဂျီဆူးနှင့် အတော်လေးဆင်သည်။ သားအမိအရင်းဟုပြောလျှင် ငြင်းနိုင်ဖွယ်ရာမရှိ။ သမီးလေးကို ပြင်ဆင်ပေးပြီး ခြံထဲကို ဆင်းခဲ့သည်။
ဒီနေ့က ကျောင်းပိတ်ရက်မို့ ဂျီဆူးမပျင်းရ။ သမီးလေးက ဂျီဆူးအဖော်လေး။ အထီးကျန်ခြင်းမရှိအောင် သမီးလေးက ဂျီဆူးကိုပျော်ရွှင်စေသည်။ သမီးလေးနှင့်ဆင်တူ ဂါဝန်အပြာရောင်လေးကို ဝတ်လိုက်သည်။ ခြံထဲက ဘန်စိုက်ပေးသွားခဲ့တဲ့ နှင်းဆီတွေက ယခုချိန်ထိ ရှင်သန်ပြီး လှပနေတုန်း။ နှင်းဆီပန်းတွေကို ခူးကာ ဂျီဆူးတို့ ကစားခဲ့သည်။
အချိန်အတော်လင့်တဲ့အခါ သမီးလေးက ဗိုက်ဆာတယ်လို့ ပြောသည်။ ပိတ်ရက်ဆိုရင် သမီးပျော်အောင် အပြင်မှာစားလေ့ရှိသည်။ သမီးလေးလက်ကိုဆွဲကာ အပြင်ကိုထွက်ဖို့ ခြံတံခါးကို ဖွင့်လိုက်တော့.....။
'' မဒမ် ''
*****
လူတွေဟာ ကြီးမားတဲ့ကိစ္စရပ်တွေကို ကြုံတွေ့ရတဲ့အခါ ငိုကြွေးတတ်ကြသည်။ ပျော်စရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် အလွန်အမင်း စိတ်လှုပ်ရှားရင် အသက်ရှုတွေ မြန်လာပြီး လက်တွေလည်း တုန်လာတတ်သည်။ ထိုသို့ပေါ့လေ... ဗိုလ်ချုပ်ဟာ ပျော်လွန်း၍ မျက်ရည်ကျနေသည်။
'' ဗိုလ်ချုပ်တို့တာဝန်က ပြီးသွားတာမဟုတ်ဘူး။ လူနာက သတိပြန်လည်လာပေမယ့် အကောင်းပကတိဖြစ်သေးတာမဟုတ်လို့ ဗိုလ်ချုပ်တို့က နေ့တိုင်း စစ်ဆေးပေးနေရဦးမှာပဲ။ လတ်တလော အခြေအနေကတော့ ဗိုလ်ချုပ်တို့ အိမ်ပြန်ခွင့်ရှိပါတယ်။ အရင်လို မနက်လာပြီး ညနေပြန်တာက တဖွဲ့၊ ညပိုင်းတာဝန်ကိုယူတာက တဖွဲ့ အဖွဲ့ခွဲပြီး တာဝန်ထမ်းဆောင်ပေးကြပါ ''

YOU ARE READING
The Angel Who Saved Me
Fanfictionရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား