suit အပြည့်ဝတ်ဆင်ပြီး မှန်ရှေ့မှာ နာရီပတ်နေတဲ့ ဘန့်ပုံစံကို သိကျွမ်းလာတဲ့ တနှစ်ကျော်၊ အတူနေခဲ့တဲ့ ခုနစ်လမှာ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဆံပင်တွေကို စည်းနှောင်ကာ ကျောပေါ်ကို ချထားသည်။ မျက်နှာထားဟာ အရင်လိုမဟုတ်ပဲ မာန်အပြည့်။
'' ကျွန်မကိစ္စလေးရှိလို့ ခဏသွားလိုက်ဦးမယ်။ hotel က breakfast လာပို့လိမ့်မယ် မဒမ် ''
ဂျီဆူးဆီက တုံ့ပြန်မှုမစောင့်ပဲ အခန်းအပြင်ကို သူ ထွက်သွားခဲ့သည်။ လုပ်စရာအထွေအထူးမရှိတာကြောင့် သူမ ပြန်အိပ်လိုက်သည်။
တပ်ရင်းကိုရောက်တာနဲ့ တပြိုင်နက် သူ့အား ကြိုဆိုနေသော လက်ထောက်လေးတွေကို တွေ့သည်။ တွေ့ချင်နေတဲ့ ကာချုပ်ဆီ သူ့ကို ခေါ်သွားကြသည်။
'' ဒုဗိုလ်ချုပ် တာဝန်ပျက်ကွက်ထားတယ် ''
'' ကျွန်မ ဗိုလ်ချုပ်ဆီကို ထွက်စာတင်ခဲ့ပါတယ် ''
'' ဒုဗိုလ်ချုပ် မာနိုဘန် .. ဘယ်လိုဆင်ခြေမှ မပေးပါနဲ့။ ဒါက နိုင်ငံတော်အပေါ် ဝတ္တရားပျက်ကွက်မှုပဲ ''
ပုဒ်မတပ် စွပ်စွဲမှုအပေါ် လီဆာငြိမ်နေလိုက်သည်။ ဆက်ငြင်းနေလည်း ကောင်းကျိုးဖြစ်လာမှာ မဟုတ်ဘူး။
'' ဒါဆိုလည်း အခုလက်ခံပေးပါ ''
'' ကိုရီးယားကို ရောက်နေတာဆို။ မစ်ရှင်တခု ရှိတယ် ''
သူ မလုပ်နိုင်ကြောင်း ငြင်းလိုက်သည်။
'' ကျွန်မ မလုပ်တော့ဘူး ဗိုလ်ချုပ်။ ကျွန်မရဲ့ထွက်စာကို လက်ခံပေးပါ ''
'' ဒီတာဝန်ပြီးရင် ထွက်ခွင့်ပြုမယ် ''
သူ့ကို ပေးအပ်လာသော တာဝန်ဟာ အသက်နှင့် ရင်းရမည့်တာဝန်။ ကိုရီးယားက ပရော်ဖက်ဆာဗိုလ်ချုပ်နှင့်တွဲဖက်ပြီး နှလုံးခွဲစိတ်ရမယ့် တာဝန်။ မတော်တဆ လူနာသေဆုံးသွားပါက ပြန်လမ်းမရှိ။
'' ဒီတာဝန်ပြီးရင်တော့ ကျွန်မအနားယူပါရစေ ''
'' စိတ်ချပါ ... အခုချက်ချင်းခွဲစိတ်ရဦးမှာ မဟုတ်ဘူး။ နှလုံးအလှုရှင်ရတာနဲ့ ခွဲစိတ်မှာမို့ အဆင်သင့်တော့ အမြဲဖြစ်နေပါစေ ''
YOU ARE READING
The Angel Who Saved Me
Fanfictionရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား