ကိုရီးယားမှာ ဇာတ်မြုပ်နေထိုင်တော့မည်ဟု တွေးထားသော်လည်း ထိုင်းအစိုးရဘက်မှ ဆက်သွယ်လာသည်။ အချိန်အားဖြင့် တနှစ်ခွဲကျော်။ သမီးလေး ရယ်တတ်ပြုံးတတ် ဖြစ်လာတဲ့ အရွယ်။
* ဒုချုပ် ရောက်တဲ့နိုင်ငံကနေ အမြန်ပြန်လာပါ။ ကာချုပ် ရှာနေတယ်။ ဒုချုပ်ရဲ့ထွက်စာ လက်မခံဘူး၊ တပ်ရင်းကို အမြန်ပြန်ဆက်သွယ်ပါ ''
gmail မပြောင်းထားတဲ့အတွက် mail ကနေ ဂျူနီယာ လက်ထောက်လေးက စာပို့သည်။ ချက်ချင်းပြန်လာလို့ မရသေးတဲ့အကြောင်းကို ပြန်ပို့ပြီး ရှေ့လျှောက်ရမယ့်အနာဂတ်ကို စဥ်းစားနေမိသည်။
'' ဘန် .. ထမင်းစားမယ်လေ ''
ရောက်တတ်ရာရာတွေကို မည်မျှစဥ်းစားနေမိသလဲ မပြောတတ်။ ညကိုရောက်ပြီး မဒမ် ညစာစားဖို့ လာခေါ်မှ သတိပြန်ဝင်တယ်။
'' ကလေးရော မဒမ် ''
'' အိပ်သွားပြီ ''
'' မဒမ် ''
လေသံထွက်ရုံမှ ခေါ်လိုက်တဲ့အခါ သူ့ရှေ့က မိန်းမပျိုက မျက်လုံးပင့်ကြည့်တယ်။
'' ပြောလေ ''
'' ကျွန်မ ထိုင်းကိုခဏပြန်ရမယ် ''
'' ဟုတ်လား .. အင်း ရပါတယ် ပြန်လေ ''
'' မဒမ် တယောက်တည်း အဆင်ပြေရဲ့လား ''
တူကို ဘေးသို့ချပြီး မဒမ်က သက်ပြင်းဖွဖွချသည်။ အကြည့်ချင်းမဆုံပဲ ဖန်ခွက်ထဲက ရေကို အနည်းငယ်သောက်ပြီး... ။
'' အဆင်ပြေမှာပါ ''
အမြဲလိုလို စူးရှနေတတ်တဲ့ အသံသြသြလေးက အဆင်ပြေသွားမှာပါ လို့ပြန်ဖြေတဲ့အခါ လေသံတိုးတိုးသာ ထွက်လာသည်။ သို့ပေမယ့် မဒမ့်ကို ခေါ်သွားလို့မဖြစ်ဘူး။ ဗူးတရာ အပေါက်ကို ပိတ်လို့ရတယ် ။ ပါးစပ်တပေါက်ကို ပိတ်မရဘူးဆိုသော စကားပုံရှိတယ်မလား။ မတော်တဆ ဒေါက်တာပတ်နှင့် အတူတာဝန်ထမ်းဆောင်ဖူးတာကို သိသွားခဲ့သော်......။ ၎င်းအကြောင်းအရာရဲ့ နောက်ဆက်တွဲရလာဒ်ကို လက်ခံပေးဖို့ အဆင်သင့်မဖြစ်သေး။
ရှစ်လအရွယ် သမီးလေးက ဂျီဆူးနဲ့ပဲ အနေများပြီး သူမကိုသာ ပိုခင်တွယ်သည်။ ဘန်ကတော့ နာရီပိုင်းပဲ အနားမှာရှိတတ်သည်။ သူက အလုပ်ထွက်ပြီး နှစ်လအကြာမှာ ဟန်းဂုဆေးရုံ၌ အလုပ်ဝင်သည်။ ဒါကလည်း သူဟာ ဆရာဝန်မှန်းသိတဲ့အချိန် ဂျီဆူးကိုယ်တိုင် ဆေးရုံအုပ်ဆီ ဖုန်းဆက်ပြီး အကူညီတောင်းခဲ့ခြင်းပင်။

YOU ARE READING
The Angel Who Saved Me
Fiksi Penggemarရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား