နှုတ်ထွက်စာကို ယူလာခဲ့ပြီး အိမ်ကိုမပြန်သေးပဲ သမီးကိုခေါ်ကာ ကစားကွင်းကို သွားသည်။ ပျော်ရွှင်နေတဲ့ သမီးလေးကြောင့် သူပါပြုံးနေမိသည်။
အပြစ်ကင်းလွန်းတဲ့ သမီးလေးကို မိဘအရင်းလက်ထဲကနေ ဆွဲထုတ်ခဲ့တယ်ဆိုပေမယ့် မာမီ အများကြီး ဂရုစိုက်ပြီး ချစ်ပေးပါ့မယ် ကလေးရယ်။
ဒီနေ့မှ သမီးလေးနဲ့အတူ ဓာတ်ပုံရိုက်ချင်နေလို့ ကစားကွင်းထဲက စက်ထဲမှာ ဓာတ်ပုံရိုက်ခဲ့သည်။
'' နောက်တခါ မေမေ့ကိုပါခေါ်ပြီး လာမယ်နော် မာမီ။ မေမေပါရင် ဒီထက်ပိုပြီး ပျော်ဖို့ကောင်းမှာ မာမီရဲ့ ''
သူဝယ်ကျွေးထားတဲ့ မုန့်ကိုစားရင်းကနေ သမီးလေးက ပြောသည်။ တကြိမ်တခါမှ သမီးကိုအချိန်မပေးဖူးသဖြင့် တနေကုန်အောင် လည်ပတ်ပြီးမှ အိမ်ကိုပြန်လာခဲ့သည်။
အိမ်ထဲကို ဝင်ဝင်ချင်း လူမရှိသလိုမျိုး တိတ်ဆိတ်နေသည်။ မဒမ် ဒီအချိန်ဆို ပြန်ရောက်သင့်ပြီ။ ဖုန်းခေါ်ကြည့်လိုက်တော့ သူတို့အခန်းထဲက ဖုန်းသံကြားသည်။
'' မေမေ ''
ပစ္စည်းတွေ ပြန့်ကြဲနေတဲ့ကြားထဲမှာ မဒမ်ထိုင်နေသည်။ မဒမ့်ဘေးကို အကြည့်ရောက်သွားတော့ လီဆာ မဖျောက်ဖျက်ရသေးတဲ့ ဆေးမှတ်တမ်း။
'' မဒမ်.. ကျွန်မ ရှင်းပြပါရစေ ''
မဒမ်ဟာ သူ့စကားကို ဂရုမစိုက်စွာ သမီးလေးကို ပွေ့ဖက်လေသည်။ ပြီးနောက်.....။
'' ဦးလေး လာခေါ်လိမ့်မယ်။ သမီး ဒီည ဦးလေးတို့နဲ့ အိပ်လိုက်နော်။ မနက် မေမေ လာခေါ်မယ် ''
မဒမ်ဟာ သူ့အား စကားတခွန်းမျှမဆိုပဲ သမီးကိုသာ ပြောသည်။ သမီးးလေးအတွက် အဝတ်အစားထည့်ပေးပြီး ကျောပိုးအိတ်လေးကို လွယ်ပေးလိုက်သည်။
'' ဘာဖြစ်လို့လဲ ဂျီဆူး ''
မဒမ့်မျက်ခွံတွေ မို့အစ်နေတာကြောင့် ခဲအိုကင်က မေးသည်။ မဒမ် ဘာတွေကိုသိသွားပြီလဲဆိုတဲ့ အသိကြောင့်ပင် လီဆာ့ကမ္ဘာဟာ ပျက်သုဥ်းနေလေပြီ။
'' ဘာမှမဖြစ်ပါဘူး။ ကျွန်မဇနီးနဲ့ ပြောစရာရှိလို့။ ဒီညတော့ ယောင်းမကို ထိန်းခိုင်းပေးပါဦး အစ်ကို ''
YOU ARE READING
The Angel Who Saved Me
Fanfictionရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား