12

937 149 26
                                    

ဘာတွေပြောင်းလဲသွားလဲဆိုတော့ အများကြီးတော့ ပြောင်းလဲမသွားဘူး။ အရင်က သမီးလေးရဲ့မာမီလို့ မိတ်ဆက်ပေးတဲ့ မဒမ်ဟာ ကျွန်မဇနီးဟု ပြောင်းလဲ မိတ်ဆက်ပေးသည်။ အရင်က သမီးလေးနဲ့ မဒမ့်အိပ်ရာက နှစ်ယောက်တည်း၊ ယခု သူရော သုံးယောက်ဖြစ်သွားသည်။

'' ဒီနေ့ နှင်းကျတာ ပိုများနေသလိုပဲ ဘန်။ နွေးနွေးထွေးထွေး ဝတ်သွားဦး ။ မာဖလာရော ပတ် ''

မဒမ်ကိုယ်တိုင် ထိုးထားတဲ့ မာဖလာ အသားရောင်လေးကို သူ့လည်တိုင်ဆီ ပတ်ပေးသည်။ မဒမ်က ဇနီးကောင်းပါ။ ချစ်တယ်မပြောပေမယ့် အသေးအမွှားလေးတွေကအစ ဂရုစိုက်ပေးသည်။

'' ညနေ အပျော်စီးသင်္ဘော သွားစီးရအောင် ။ ကျွန်မ စောစောပြန်လာခဲ့မယ် ''

'' အလုပ်ကို ဂရုစိုက်လုပ်ပါ။ အေးဆေးပဲ ပြန်လာခဲ့။ ကားကိုလည်း အမြန်မမောင်းနဲ့။ အိမ်က ဘယ်မှထွက်မပြေးဘူး ဘန်။ ဆေးရုံအသစ်က အဆင်ရောပြေရဲ့လား ''

'' ပြေပါတယ် မဒမ်ရဲ့။ သွားတော့မယ်နော် ''

မဒမ့်နဖူးကို နမ်းရှိုက်ပြီး ကားဆီသို့ သွားသည်။ ပြေးလာတဲ့ သမီးလေးကိုလည်း ပါးလေးတွေကို နမ်းလိုက်သည်။

'' မာမီ သွားတော့မယ်။ မေမေ့ကို စိတ်ညစ်အောင်မလုပ်နဲ့နော် ''

အလုပ်သွားခါနီးတိုင်း မှာလေ့ရှိတဲ့ စကား။ လီဆာကြောက်တဲ့အရာက မဒမ့်စိတ်လေး ညစ်ထေးသွားမှာကိုပဲ။

'' နေရတာ အဆင်ပြေလား လူကြီးမင်း။ နေလို့မကောင်းတာရှိရင် ပြောပါ ''

အောက်စီဂျင်ပိုက် မလိုတော့တဲ့ လူကြီးမင်းကို အပြုံးနဲ့နှုတ်ဆက်လိုက်သည်။ ခေါင်းတဆတ်ဆတ် ငြိမ့်ပြသော လူကြီးမင်းကလည်း အရင်နေ့တွေထက် စိတ်ကြည်လင်နေသလို။

'' ဗိုလ်ချုပ် အသက်ဘယ်လောက်ရှိပြီလဲ ''

'' .... ''

'' ငယ်ရွယ်ခြင်းက ကောင်းတယ်မလား ဗိုလ်ချုပ်။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရှိနေသေးတယ်လေ။ ဒီအဖိုးကြီးကတော့ သေမင်းအလာ စောင့်နေရတဲ့အရွယ် ဖြစ်သွားပါပြီ ''

'' လူကြီးမင်း မသေနိုင်သေးပါ​ဘူး။ မြေးတွေနဲ့အတူ အကြာကြီးနေသွားရဦးမှာပါ ''

The Angel Who Saved MeWhere stories live. Discover now