တိတ်ဆိတ်မှုကို ဖြိုခွင်းသည့် မိန်းမပျို၏အသံ။ ကလေးကို မွေးစားကြမယ်တဲ့လား။ ကလေးသေးသေးလေးနဲ့ အခုမှ လက်ပွန်းတတီးနေဖူးသူ လီဆာ့အတွက် ဒီအရာက ချက်ချင်း လက်မခံနိုင် ဖြစ်သွားသည်။
'' မဖြစ်နိုင်ဘူးထင်တယ် မဒမ် ''
'' ဘာလို့မဖြစ်နိုင်ရမှာလဲ ''
'' မဒမ် တယောက်တည်း ကလေးကို ပျိုးထောင်နိုင်မှာမဟုတ်ဘူး ''
'' ကျွန်မတယောက်တည်း မဟုတ်ပါဘူး။ ဘန်နဲ့အတူတူလေ ''
စေ့စေ့စပ်စပ် ကြည့်လာတဲ့ မိန်းမပျိုရဲ့ မျက်ဝန်းညိုညို။
'' ကျွန်မတို့နဲ့ ကံပါလာတာ ဘန်။ မွေးစားကြမယ်နော် ''
'' မဟုတ်သေးဘူး မဒမ်။ ဒါက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး ''
'' ကျွန်မသိတယ်။ မလွယ်မှန်း ကျွန်မနားလည်ပါတယ်။ ကြိုးစားကြည့်ချင်သေးတယ်။ ကျွန်မတို့ လုံးဝအဆင်မပြေမှ ဂေဟာမှာအပ်လည်း နောက်မကျပါဘူး ''
စိတ်အားထက်သန်စွာ သူ့ကို တောင်းဆိုနေတဲ့သူမကြောင့် ကလေးလေးကို ကြည့်လိုက်သည်။ အပြစ်ကင်းတဲ့ နီတာရဲလေးဟာ မဒမ့်လက်ပေါ်မှာ အိပ်ပျော်နေသည်။
'' ဒါဖြင့်လည်း မဒမ့်သဘောပါ ''
မာသာကို အကျိုးအကြောင်းရှင်းပြပြီး ကလေးကို အိမ်ကိုပြန်ခေါ်ခဲ့သည်။ မဒမ်က ကားမောင်းနေတာမို့ ကလေးကို သူချီထားသည်။ ကလေးလေးက လွန့်လူးနိုးလာတော့ အသင့်ဖျော်လာတဲ့ နို့ဘူးကို ပါးစပ်ထဲထည့်ပေးလိုက်သည်။
'' ကလေးထိန်းတတ်သားပဲ ''
'' ကျွန်မကလား ''
'' ဟုတ်ပါ့ရှင် .. မစ်စ်မာနိုဘန်ကို ပြောတာပါ ''
'' အဟင်း ''
ကလေးလေးရဲ့အကြည့်တွေဟာ သူ့ထံရောက်နေသည်။ သူ့ကိုကြည့်ပြီး မိခင်မှတ်နေတာလား မပြောတတ်။ အပြစ်ကင်းတဲ့ မျက်လုံးလေးတွေကို မြင်တဲ့အခါ အလိုလိုပြုံးမိသည်။
ကားလေးကို မဒမ်တို့အိမ်သို့ မောင်းနှင်ခဲ့သည်။ မဒမ်က လွတ်နေသောအခန်းမှာ သူ့ကို နေဖို့တောင်းဆိုလာသည်။

YOU ARE READING
The Angel Who Saved Me
Fanficရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား