မောပန်း၍ အိပ်ပျော်သွားသော မဒမ့်ကို အသာလေးချီပြီး အိပ်ရာထက်သို့ ရွေ့လိုက်သည်။ မျက်နှာတော်လှလှလေးအား တမေ့တမော ငေးမောရင်း အသံမထွက်အောင် ကြိတ်ငိုမိသည်။ တမင်လိမ်ခဲ့ခြင်း မဟုတ်တာကို ဘုရားသခင်ပဲ သိလိမ့်မယ်။ တွေ့ဆုံချိန်တွေဟာ နောက်ကျခဲ့သော်ငြား ဒေါက်တာပတ်ထက် မလျော့တဲ့မေတ္တာတွေနဲ့ မဒမ့်အပေါ် ဖိတ်စင်ခဲ့မိပါသည်။
ပါးပြင်နုနုလေးကို မဒမ်မနိုးအောင် အသာအယာ ဖွဖွလေးနမ်းကာ နောက်ဆုံးအကြိမ်အဖြစ် နှုတ်ခမ်းရဲရဲလေးကို ထိတွေ့လိုက်သည်။ မဒမ်ဟာ ဘယ်လိုနည်းနဲ့မှ သူ့ကို ပြန်လက်ခံတော့မည်မဟုတ်။ မဒမ့်အဝေးမှာနေဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စရပ်မို့ ထွက်တော့မသွားနိုင်။ မဒမ့်ကို အနီးကပ်မဟုတ်တောင် အလှမ်းမဝေးတဲ့နေရာကနေ စောင့်ရှောက်ရမယ်။
မည်သည့်ပစ္စည်းတွေကိုမှမယူပဲ အဝတ်တထည်ဖြင့်သာ ထွက်လာခဲ့သည်။ မိတ်ဆွေရော သွားဖို့နေရာရော မရှိတဲ့အတွက် Hotel ကိုသာ သွားခဲ့သည်။
အအိပ်ဆတ်သည့် ဂျီဆူးအတွက် သူမရဲ့ခန္ဓာကိုယ်ကို ချီလိုက်ကတည်းက နိုးနေခဲ့၏။ သူမကို စိုက်ကြည့်နေတာကိုလည်း ခံစားမိပြီး သူမရဲ့ပါးပြင်နှင့် နှုတ်ခမ်းတို့အား ထိရုံမျှ နမ်းရှိုက်ခြင်းကိုလည်း သိလိုက်သည်။ တံခါးပိတ်သံကြားပြီး မိနစ်အနည်းငယ်ကြာမှ မျက်လုံးတို့ ဖွင့်ကြည့်လိုက်သည်။
သူထွက်သွားပြီ။ နှင်ထုတ်ခဲ့သူဟာ ဂျီဆူးဖြစ်နေပါရဲ့သားနဲ့ ထွက်မသွားပဲ သူမအနားမှာ ကပ်တွယ်နေစေချင်တာလည်း သူမပင် ဖြစ်သည်။ မနေ့က သေချာမကြည့်ခဲ့မိသော သူမရဲ့ဓာတ်ပုံလေးကို ကြည့်လိုက်မိသည်။
ဒီပုံလေးဟာ ချယ် ဘွဲ့ယူတဲ့အချိန်က သူမဆီမှ လက်ဆောင်တောင်းခဲ့တဲ့ ဓာတ်ပုံလေး။ ချယ့်ရဲ့သေဆုံးခြင်းအတွက် ယူကြုံးမရစွာဖြင့် မျက်ရည်တွေ ထပ်ကာ ကျလာ၏။ ထို့အတူပဲ ဗိုလ်ချုပ်ဟာ သူမအပေါ် လိမ်ညာရက်လေခြင်း။ သူမ၏ ချစ်ခြင်းတွေကို အလေးမထားပါလားလို့ တွေးမိပြန်လေတော့ ဘယ်ဘက် ရင်ညွှန့်ဟာ အသက်ရှုမရအောင် အောင့်လာသည်။
YOU ARE READING
The Angel Who Saved Me
Fanficရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား