𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 1
"မေမေ!!!!ကျွန်တော့်ထယ်ရီလေး နေမကောင်းဘူးထင်တယ် အစာခြောက်လည်း မစားဘူးရော် "
"ရှင် ရှင် ! ဖြေးဖြေးသာသာ အော်ခေါ်ပါ ယူဂျင်းနီးရယ် လန့်သွားတာပဲဟယ် "
"ကျွန်တော့်ထယ်ရီ..."
ဟင်းချက်ရင်းတန်းလန်းကို အိမ်ပေါ်ထပ်ကနေ အကျယ်ကြီး အော်ခေါ်တဲ့ သားကြောင့် သူမမှာအလောတကြီး ပြေးတက်လာမိတာ လက်ထဲက ဟင်းချက်ယောက်မကိုဖြင့် မချမိပဲ ကိုင်ရက်ကြီး။ ထိုကလေးဟာ အမြဲ အလန့်တကြား။
ပွရှုပ်နေတဲ့ ဆံပင်လေးတွေနဲ့ အတူ လက်တဖက်က ထယ်ရီ့ကို ပိုက်ပြီး လက်တဖက်က စောင်းနေတဲ့ စာကြည့်မျက်မှန်လေးထောင့်လေးကို ပြန်တည့်နေသေးတာပင်။ အခန်းထဲ မျက်လုံးဝေ့ကြည့်တော့ တောင်လိုပုံနေတဲ့ စာအုပ်တွေကြား တခြား အသုံးအဆောင်တွေကတောင်ပျောက်လုလု။
"ထယ်ရီလေး ဆေးခန်းပြမှနဲ့တူတယ် မျက်နှာလေးလည်း မလန်းသလိုပဲ "
"ဘူဆန်ကို သွားဖို့ ကားပြင်ပေးပါ မေမေ "
"ဟေ ဘူဆန်ကို ဘာသွားလုပ်မှာလဲ"
"ထယ်ရီ့ကို ဆေးခန်းသွားပြရမယ်လေ မေမေကလည်း သူတအားကြိုက်တဲ့ အစာခြောက်စေ့တွေတောင် စားတာမဟုတ်ဘူး "
"နေ..နေစမ်းပါဦး ဟန်ယူဂျင်းရဲ့ ဆေးခန်းကို ဘာကိစ္စနဲ့ ဘူဆန်ထိပြန်ပြမှာတုန်းကွယ် "
ထယ်ရီလေးဆေးခန်းပြဖို့ရာ ဆိုးလ်ကနေ ဘူဆန်က ပြနေကြ တိဆေးခန်းဆီတကူးတက ပြန်ပြဖို့တကဲကဲလုပ်နေတဲ့ အသက် ၂၀ အရွယ် ဥပေဒေကျောင်းသားလေးဟာ ဒါမျိုးကျ ရွှေဉာဏ်တော်စူးရောက်လွန်းလှသည်။
"မဟုတ်ဘူးလေ ထယ်ရီ့ကို စမွေးတော့ ဘူဆန်က တီတီလေးအိမ်ကနေ ခေါ်လာတာလေ အဲ့မှာပဲ ပြနေကြ ဆရာဝန်ရှိတာ "
"ဆေးခန်းအစွဲလုပ်လို့မရဘူးလေ ဆိုးလ်ကနေ ဘူဆန်ထိ သွားတဲ့ ခရီးမှာတင် ထယ်ရီက နေမကောင်းတော့ ပင်ပန်းမှာပေါ့ သားရဲ့ "
"ဒါဆို ဘယ်လိုလုပ်ရမလဲ "
"မေမေတို့ အိမ်ရှေ့က နှစ်ထပ်တိုက်လေးကို မနေ့က အိမ်ပြောင်းရွှေ့ကား ရောက်လာတာတွေ့တယ်မို့လား အဲ့က အောက်ထပ်ကို တိဆေးခန်းဖွင့်မှာတဲ့ အဲ့က ဆရာလေးဆီ သွားမေးကြည့်မလား "