𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 10
"အခု ခြံထဲက ထွက်!"
"အဲ...ပူတင်းလုံး ကိုယ်က..."
"အကြောမရှည်နဲ့ အခု ထွက် အိမ်ရိပ်လည်းလာမနင်းနဲ့ ခင်ဗျား !"
ဘာတဲ့...မွေးစားအဖေဟုတ်လား...ကိုယ်က ပူတင်းလုံးကို ပြုစုပျိုးထောင်ပေးလို့ရတယ် ဟုတ်လား ! ကိုကိုစောက်ရူးကြီး...
အဲ့သလိုအော်ပြောလိုက်ချင်တာ စိတ်ကို ထိန်းထားရတဲ့အခြေအနေ။ ယူဂျင်းတအား ဒေါသထွက်ပါသည်။ဘာတွေလျှောက်တွေးလိုက်လို့ အဲ့လိုစကားထွက်လာသလဲစဉ်းစားလို့ကိုမရ။ယူဂျင်းက တုံးတယ်ထင်တာ ကိုကိုက နှစ်ဆဖြစ်နေခဲ့ပါ၏။
"ပူတင်းလုံး ကိုကိုမင်းထက်ကြီးတယ် ရိုက်ရင် ငရဲကြီးမှာလေ "
"ရိုက်မှာ သွား မလာနဲ့ !"
ကိုကိုက ခြံတံခါးနားမှာဖြစ်ပြီး ယူဂျင်းကတော့ ကိုကိုနဲ့ မလှမ်းမကမ်းမှာ ဖြစ်သည်။ လက်ထဲကိုင်ထားတဲ့ တံမြက်စည်းရိုးက ကိုကို့ကို ရိုက်ရန်ဖြစ်ပြီး ယူဂျင်းမှာမေမေ့လက်ထဲကတောင် လုလာခဲ့ရတာ။အစကတော့ စိတ်ဆိုးပြေမယောင်ကို ကိုကိုပြောတဲ့...
"မွေးစားသားလေး လုပ်လေ ပူတင်းရ " ဆိုသော စကားကြာင့် စိတ်ထဲထောင်းခနဲ။ ကြိတ်ကြိုက်နေရင်းက အဖေလာခေါ်ခိုင်းနေတဲ့ အဖြစ်ကို ဝင်ခံစားကြည့်ကြပါလား။ဘယ်လိုစိတ်နဲ့တွေးပြီးစိတ်ဆိုးပြေပေးရမလဲ။ ကိုကိုက သူ့ကို တကူးတကအိမ်ထိလာပြီးရွဲ့နေသလိုပင်။
"ဟော့တော် ယူဂျင်းနီး...အဲ့လိုမလုပ်ရဘူးလေ အိမ်လာတဲ့လူကို ဒီလိုကြီးစွာလို့ ဘယ်ရပါ့မလဲ "
"မေမေမသိဘူး မေမေမသိဘူး မေမေဘားမှမသိပါဘူး ! "
"ဘာကိုစိတ်ဆိုးပြန််တာလဲ မသိပေမယ့် ကိုကိုပဲတောင်းပန်..."
"ပြန်တော့ ဘာမှမတောင်းပန်နဲ့ ခင်ဗျားဘာသာဆေးခန်းပဲသွားဖွင့်ပါ..."
"အဲ့လိုကျ ကိုယ်မနေတတ်..."
စောက်ကျိုးနည်းကြီး သူ့အဖြစ်ဟာ ရယ်စရာကောင်းနေခဲ့သည်မို့။သို့ပေမယ့် ကာယံကံရှင်ကသူဖြစ်နေတော့ရယ်စရာက မကောင်းတော့ပြန်။စိတ်ဆိုးပြေချင်ပါသည်။