Part - 7

742 117 16
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Part - 7

"အများကြီးမသောက်ရဘူးနော် ပူတင်း "

ရှန်ပိန်ခွက်လေးကို နှုတ်ခမ်းဆီတေ့ရုံရှိသေး ဂယူဘင်းက ထိုကလေးနားနားကပ်ကာ သတိပေးတော့ မျက်နှာလေးမဲ့သွားတာသေချာလေးတွေ့ရပါသည်။

ဟိုတယ်က ခန်းမတခုလုံးကိုငှါးထားသည်ဖြစ်ပြီး ဂယူထင်ထားတာထက်ကို ကြီးမားတဲ့ dinner party ဖြစ်နေတာကြောင့် မျက်ခုံးပင့်မိပါသေး၏။ ဘေးက ဖြတ်သွားတဲ့ waiter ကောင်လေးဆီက ရှန်ပိန်တခွက်ယူကာ သောက်ဖို့လုပ်နေတဲ့ ပူတင်းအား လှမ်းဟန့်ရသေး၏။

"ကိုကိုရော မသောက်ဘူးလား "

"ကိုယ်က အယ်လ်ကိုဟော မကြိုက်ဘူး "

"လိမ်တယ်...ဒီလောက်သောက်ကောင်းတာ မကြိုက်တဲ့လူ ဘယ်မှာရှိမှာလဲ "

"အမယ်...လူကြီးကို ပြန်ခံပြောတတ်နေတာပဲ။ မဟုတ်သေးဘူး ပူတင်းလုံးမင်းအခုမှ အသက် ၂၀ နော် အရမ်းသောက်လို့မဖြစ်ဘူးလေ "

"ဖြစ်ပါတယ် ၁၆ နှစ်ထဲက မေမေ့အရက်တွေ ခိုးသောက်နေကြလေ ဒါနဲ့ ကျွန်တော် ကိုကို့ကို အသက်ဘယ်လောက်လဲဆိုတာ ပြောပြဖူးလို့လား "

"စတွေ့တဲ့ နေ့ကို မမှတ်မိတော့ဘူးထင်တယ် အစဖော်ပေးရမလား အသက် ၁ နှစ်ခွဲ နာမည်ဟန်ယူဂျင်း ဆိုတာလေ !"

"အာ ကိုကိုကလည်း အဲ့တုန်းက မှား..မှားဖြေမိရုံကို "

တွေ့ဆုံခြင်းတခုအား ပြန်လည်အစဖော်တော့ ပူတင်းလုံးက ရှက်နေရုံသာ။ ရှန်ပိန်လေး တငုံသောက်လိုက် ပွဲအပြင်အဆင်ကို ငေးလိုက်ဖြင့် ထိုကလေးက ဟန်ဆောင်လိုက်လာပေးရတာကို ပျော်မြူးနေပုံရပေမယ့် ဂယူဘင်းရင်ထဲဝင်တော့ ၁၀၀ ရာခိုင်နှုန်း အဆင်မပြေပါ။

စိတ်ဒဏ်ရာတခုလိုဖြစ်ခဲ့ရတဲ့ နှလုံးသားတစ်စုံက အနာကျက်နေပြီဆိုသော်ညား ခံပြင်းစိတ်နဲ့ မာနတို့က သူ့စိတ်ကို အကြိမ်ကြိမ်သတ်နေသလိုပါပဲ။

ရှင်းရှင်းပြောရရင် မျက်နှာခြင်းကို မဆိုင်ချင်ပါ။ ရွံမုန်းစိတ်နဲ့အတူ မဖြစ်နိုင်ဘူးဆိုပြီး သူ့ရဲ့ဖွင့်ဟချက်အား အရှက်ခွဲခဲ့ခြင်းအပေါ် ယောကျာ်းလေးခြင်းလည်းဖြစ်နိုင်ကြောင်း သက်သေပြချင်မိပါသေး၏။

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now