Part - 15

822 116 18
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Part - 15

"တကယ်ပါဆို ဂယူဘင်းအဲ့လောက်ထိတုံးမယ်လို့ ငါမထင်ခဲ့ဘူး "

Lemon soda ကို ပိုက်လေးနဲ့ မွှေရင်းပြောသောစကားဖြစ်သည်။ ထို့အပြင် ဟောက်ကောက မျက်နှာလေးကို မဲ့ပြသေး၏။

"အဲ့ကောင်ကြိုက်နေတာ အဲ့ကောင်ပဲမသိတာ တလောကလုံးသိတော့မယ်"

သူ့ဘေးမှာ ရစ်ခီဟျောင်းလဲရှိသည်။သူအခု ဟောက်ကောရဲ့ cafe ကို ရောက်နေခဲ့တာ။ ကျောင်းကအပြန်ခဏဝင်သည်ဖြစ်ပြီး စာလုပ်စရာလည်းရှိတာကြောင့်ပင်။ မချိန်းဆိုထားမိပါပဲ ရစ်ခီဟျောင်းနဲ့ပါ ပက်ပင်းတိုးပြီးသုံးယောက်တဖွဲ့စကားဝိုင်းဖြစ်၏။

ညနေစောင်းဆိုတော့ ဆိုင်ထဲ လူအများကြီးတော့ မရှိ။ ဟန်ဘင်းဟျောင်းကတော့ ဆိုင်စောင့်နေရပြီး ဟောက်ကောကသူ့နားရောက်နေတာဖြစ်သည်။ သူကိုကို့အပေါ်ဖြစ်တည်သမျှ ခံစားချက်တွေကို ရိပ်မိနေပြီးသားဖြစ်နေတဲ့ ဟောက်ကောနဲ့ ရစ်ခီဟျောင်းကြောင့် သူ့မှာငြင်းဖို့အတွက်ပြေးပေါက်မဲ့ရသည်။

ဒီလိုနဲ့ အကြောင်းစုံကိုပြောပြဖြစ်ပြီး ရည်းစားဆိုတာက ဟန်ဆောင်ရည်းစားဖြစ်ကြောင်းနဲ့အတူ ကိုကို့ကို ဒီအကြောင်းတွေပြန်မပြောဖြစ်ဖို့အတွက်ပါ နှုတ်ပိတ်မိသေး၏။ သို့ပေမယ့် သူ့ဘက်က ထွေထွေထူးထူးပြောစရာမလိုပါပဲ တန်းသဘောပေါက်တဲ့ အစ်ကိုနှစ်ယောက်က တလေသံထဲဖြစ်ပြီး ကိုကို့အား ငတုံးဟုပြောကြရုံသာ။

ယူဂျင်းအတွက်တော့ ကိုကိုနဲ့ပက်သက်မှသာ ပိုရင်းနှီးဖူးတဲ့ လူတွေပေမယ့် ထင်ထားတာထက် ခင်ဖို့ကောင်းနေသည်မို့ တယောက်ထဲဖြစ်နေတတ်တဲ့ သူ့အတွက်အဖော်ထပ်ရခဲ့တာပင်။

"ဂယူဘင်းက ချစ်တာကြိုက်တာနဲ့ ပက်သက်ပြီး စိတ်ဒဏ်ရာရှိခဲ့တာလည်ပါမယ်။ ယူဂျင်းလည်း သိတယ်မို့လား "

"အလုံးစုံတော့ မဟုတ်ပေမယ့် အနည်းအကျင်းတော့ သိတယ်ရယ် အဲ့လောက်ထိတောင်ဆိုးခဲ့တာလား အရင်က အဲ့စီနီယာဆိုတဲ့ ကောင်..."

"ဂယူဘင်း အေးစက်စက်ကြီးဖြစ်သွားတာလဲ အဲ့အကောင်ကြောင့်ပဲလေ။ အိမ်ခွဲနေဖြစ်ပြီး သူ့ အဖေနဲ့ ဆက်ဆံရေးသိပ်မပြေလည်တော့တာရောပေါ့"

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now