𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 21
လူးလှိမ့်ပြီးနိုးလာရတဲ့မနက်ခင်းတခု။ သာသာယာယာရှိပေမယ့် ကျပ်ကျပ်ထုပ်ထုပ်ဖြစ်နေတာကြသိပ်အဆင်မပြေ။
မျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်တောင်တွေဖွင့်ကြည့်တဲ့အခါ ပထမဆုံးမြင်ရသည်က ဘေးမှာအိပ်မောကျနေတဲ့ကိုကို့မျက်နှာ။ ဒါမျိုးကျသိပ်မဟုတ်သေးသလိုပဲ။
ကိုကိုဟာ သူ့ရဲ့ အဖိုးမဖြတ်နိုင်သော တယောက်အိပ်ကုတင်လေးအား လုချင်နေသည်များလား။ ဘယ်တုန်းက သူ့အိမ်ကိုရောက်လာသည်လဲ။ ထယ်ရီကရော အခန်းထဲလူဝင်တာကို ဘာကြောင့်မဟောင်ရသည်လဲ....
ထယ်ရီနဲ့ကိုကိုက သူ့ထက်ပိုပြီး ဘော်ဒါတွေဖြစ်နေကြသည်များလား...ကြည့်ရတာ သူ့ထက်အလိုလိုက်ပြီး အစာခြောက်တွေပိုကျွေးလို့ ထင်သည်။ ဟန်ထယ်ရီ သခင့်ရင်ကိုစုံကန်ခဲ့ပြီ...
ပေတိပေကပ်လူးလှိမ့်ချင်ပေမယ့် အရွယ်ရောက်ပြီးသားယောင်္ကျားနှစ်ယောက်ကပ်သပ်အိပ်နေရသည့် တယောက်အိပ်ကုတင်လေးဖြစ်နေတော့ သူ့စိတ်ကြိုက်လူးလှိမ့်မရ။
အဲ့အစား သူ့ခေါင်းအောက်ကိုလက်လျှိုဝင်ထားတဲ့ ကိုကို့လက်မောင်းကိုသာ လက်ညိုးလေးနဲ့တို့ကြည့်မိသည်။
ဘယ်တုန်းထဲက ခေါင်းအအုံးခံထားသလဲ မသိသည်မို့ အကယ်၍ကြာနေပြီဆိုရင် လက်တွေထုံနေတော့မှာပဲ။
မနက်စောစောထဲကရောက်လာပုံရတဲ့ကိုကိုက အခုနောက်ပိုင်း အိမ် password ကိုလည်း သိနေသည်မို့ တခါတရံ နေမထွက်ခင်ထဲက အွန်ပါပါးကိုခေါ်ပြီး သူ့အိမ်ရောက်လာတတ်၏။
မေမေကလည်း သူနဲ့ပက်သက်ပြီးမှခင်မင်ရတာပေမယ့် ကိုကို့ကိုဆို နောက်ထပ်သားတယောက်လိုမျိုး အတော်ကြည်ဖြူတတ်သည်။
ခါးပေါ်ကိုပွေ့ဖက်ထားတဲ့ ကိုကို့လက်ကို သူ့သဘောနဲ့သူဆွဲယူကြည့်မိသည်။ရှိတာမှ လက်ချောင်းငါးချောင်းကို တယောက်ချင်းစီ သူ့လက်လေးတွေနဲ့ဆွဲကိုင်ရင်း လက်သည်းခွံတွေကို လက်ညိုးလေးနဲ့ တို့မိသေး၏။ကိုကို့လက်ချောင်းတွေကို အလွတ်လိုက်မှတ်နေတာဟာ ရည်ရွယ်ချက်မရှိပါပဲ။