𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 19
"ဒါဆို ဖေဖေကြီး ၁ နဲ့ ဖေဖေကြီး ၂ ပေါ့ "
"ပူတင်းလုံး !"
မျက်လုံးပြူးပြကာ တချက်ဟန့်တော့ ပူတင်းလုံးက ဟီးခနဲရယ်သည်။
ဘယ်ကနေဘယ်လို စပ်ဆက်မိပြီး ဖေဖေနဲ့ခင်လာသလဲ မသိလိုက်ရအောင် မိသားစုညစာစားဝိုင်းထဲ ပူတင်းလုံးတယောက် သူမသိလိုက်ခင်မှာရောက်လို့နေခဲ့သည်။
ရှေ့ရက်တုန်းက မေမေကဖုန်းဆက်လာပြီး အငယ်တွေမပါပဲ သားမိသားဖသုံးယောက်ညစာတူတူစားရအောင်လို့ ပြောလာခြင်းမှာ သိပ်မပြေလည်တဲ့ ဖေဖေနဲ့ မျက်နှာခြင်းဆိုင်ရမည်ဖြစ်လို့ ဂယူ့အတွက် နေရခက်ခဲ့ပါ၏။
ချိန်းဆိုထားသည့်နေရာကို ရောက်တဲ့အခါ စားသောက်ဆိုင်ရဲ့ သီးသန့် family room ထဲမှာ ဖေဖေ မေမေတို့ရဲ့ အတူ ပူတင်းလုံးပါရောက်နေခြင်းဖြစ်သည်။
စတွေ့ထဲက ဘာမှလည်း မေးမရသလို ဘာမေးမေးမသိချင်ယောင်ဆောင်နေတတ်ပြီး သူ့ထက်သာလွန်စွာ ပူတင်းလုံးက ဖေဖေနဲ့ စကားပြောပေါက်တည့်နေခဲ့သည်လေ။
"ဖေဖေအများကြီးထည့်စားပါ "
သူ့ကို ကျော်ပြီး ဖေဖေ့ပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ ပူတင်းလုံးက ပြုံးရွှင်နေတဲ့ မျက်နှာဘေးလေးနဲ့ဖြစ်ပြီး ရင်းရင်းနှီးနှီးဖေဖေလို့ ခေါ်နေခြင်းဟာ ဂယူဘင်းအတွက်ကြောင်တောင်တောင်ဖြစ်စေခဲ့သည်။
မေမေက မသိမသာမျက်စပြစ်ပြလာပြီး သဘောက နောက်မှရှင်းပြမယ်ဆိုသည့်သဘော။ ဖေဖေ့ကို တလှည့် မေမေ့ကို တလှည့် ဟင်းပတ်ထည့်ပေးနေပြီး သူ့ကိုတော့ ထည့်မပေးသည့်အပြင် ပူတင်းလုံးက သူ့ရှေ့ကို ပန်းကန်လေးတိုးပေးလာပြီး...
"ကိုကို ဟင်းထည့်ပေးပါလား "
ထပ်မံနှစ်ထပ်ကွမ်းကြောင်တောင်တောင်ဖြစ်ရပြန်သည်။ မတော်ရသေးတဲ့ ယောက္ခမတွေကို ဧည့်ဝတ်ကျေပွန်နေပေမယ့် သူ့ဟာသူကျမထည့်တတ်တော့သည့် စတိုင်ဖြင့်။
ပူတင်းလုံး ကြိုက်လောက်တာလေးတွေကိုပဲ ရွေးပြီး ပန်းကန်ထဲထည့်ပေးတော့ ချစ်မွှေးလေးကပြုံးသည်။