𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 16
"မင်းစဉ်းစားကြည့် ဂျန်ဟျောန်ဂျွန်း !""ဟင့်အင်း မစဉ်းစားချင်ပါဘူး "
"ဘာ ဒီခွေးစုတ်...အဲ...ချစ်...ချစ်မွှေးလေး နော်..."
ပိတ်ထုမလို့ လက်သီးနဲ့ရွယ်လိုက်ပေမယ့် အခန်းထဲဝင်လာသည့် ကိုကို့ကိုမျက်လုံးထောင့်ကနေမြင်မိတော့ ဟိုကောင့်ပါးကို လှမ်းကိုင်လိုက်ရပြီး လေသံပြောင်းပြစ်လိုက်ရ၏။ ဟန်ဆောင်တွဲပြတာကို သူခိုးလူမိသလို မဖြစ်စေချင်။
"ပူတင်းလုံး ကိုကိုခေါင်းကိုက်လို့ "
ယူဂျင်းလက်တွေကို လှမ်းဖမ်းလာပြီး ကိုကိုက သူနဲ့ ဟျောန်ဂျွန်းကြားကနေရာကျဉ်းကျဉ်းလေးမှာ အတင်းတိုးပြီး ဝင်ထိုင်ပါ၏။ သဝန်တိုကြောင်း ပြတာက အခုလောက်ထိကြီး သိသာနေတာ ခက်တာပဲ။ သူသာ ကိုကို့နေရာဆို သဝန်တိုရလည်း မသိမသာပေါ့။ ကိုကိုကတော့ တုံးကို တုံးတာပါ။
"ခေါင်းကိုက်ရင် ဆေးခန်းသွားလေ ကျွန်တော်က ဆရာဝန်လည်းမဟုတ်ပဲ နောက်ပြီး ဘယ်အချိန်မှ ပြန်မှာလဲ အချိန်ကိုလည်းကြည့်အုံး..."
"အချိန်လား အခုမှ ၉ နာရီခွဲလေ ပူတင်းလုံးရဲ့ "
"မနက် ၉နာရီခွဲမဟုတ်ဘူး ည၉နာရီခွဲလေ ကိုကိုပြန်ပါတော့ "
"သူပြန်မှ ကိုကိုပြန်မယ် "
လိမ္မော်သီးထိုင်စားနေတဲ့ ကောင်ကို ကိုကိုကမေးငေါ့ပြရင်းပြောသေးသည်။ ယူဂျင်းလက်နှစ်ဖက်လုံးကို ဆုပ်ကိုင်ဖိညှစ်နေပြီး အတင်းအနားကပ်နေပုံက မသိရင် အချွဲခံနေရသလိုပါပဲ။ ၅ နှစ်ကြီးတဲ့ မွေးစားအဖေအား ပြန်ပြီး babying လုပ်ရတော့မည်ထင်သည်။
ကိုယ့်ဘာသာပေါက်ကရတွေးမိခါမှ သားဖဇုန်ထဲ အလိုလိုရောက်သွားမိတော့ ခေါင်းတခါခါနဲ့ အတွေးကို ဖျက်ပြစ်ရ၏။ နေရင်းထိုင်ရင်းတောင် သားဖဇုန်ထဲ ဝင်နေတာရယ်။
ရည်းစားဖြစ်ချင်လို့ ဇာတ်လမ်းစပြီး ရေလာမြောင်းပေးလုပ်လည်း မြစ်ကြီးသာဖြစ်သွားမယ် ကိုကိုက အရိပ်အကဲမသိတဲ့လူ။ အဲ့အစား သားဖဇုန်ထဲပြန်ထည့်ဖို့ပဲ ကျားချောင်းချောင်းနေလိမ့်မည်။