𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 8
"ကိုကိုပြောပြလေ"
"ပူတင်းလုံးကကွာ..."
"အဲ့နေ့က လိုက်ပေးရင် အချစ်ဦးအကြောင်းပြောပြမယ်လို့ ကတိပေးထားတယ်မို့လား အခုပဲ ၅ ရက်ကျော်နေပြီလေ...ခင်ဗျား ကတိမတည်မလုပ်နဲ့နော် ! မပြောပြရင် ထယ်ရီ့ကို လွှတ်ပြီး အကုန်လျှောက်ကိုက်ခိုင်းပြစ်လိုက်မှာ "
သူများ ဆေးခန်းထဲထိဝင်ပြီး ဘိုကျနေရခြင်းဟာ ပျော်မွေ့ဖို့ကောင်းတယ်ဆိုတာ စောစောထဲကသာသိခဲ့ရင် ယူဂျင်းအိမ်တွင်းပုန်းပြီး စာပဲလုပ်နေခဲ့မည်မဟုတ်ပါ။
နေ့တပိုင်း စာသင်ချိန်စောပြီးတဲ့ရက်တွေဆို ကိုကို့ဆေးခန်းဆီဝင်ပြီး ညနေစောင်းဆေးခန်းပိတ်ပြီးမပြန်ခင်အထိ စာသလိုအကြောင်းပြကာ ကပ်နေဖြစ်ပါသည်။ စာက အကြောင်းပြဖို့ရည်ရွယ်သည်မဟုတ်ပဲ အကြောင်းပြမိသည်သာ။
ဆေးခန်းဆီသွား၊ စာအုပ်တွေဖွင့်ပြီး ခဲတံကိုင်ထားလည်း ယူဂျင်းက ဆေးထိုးအပ်ကိုင်ပြီး ခွေးလေးတွေကြောင်လေးတွေကို ဆေးကုနေတတ်သော ကိုကို့ဆီသာအာရုံရှိသည်။စားပွဲပေါ်လက်ထောက်ကာ တမေ့တမောငေးမိတဲ့ အခိုက်အတန့်လည်းရှိသလို ငေးနေရင်း ကိုကိုနဲ့မျက်လုံးခြင်းဆုံတဲ့အခါ ဟီးခနဲမျက်နှာချိုသွေးပြီးရယ်ပြတတ်သေး၏။
"အဲ့တယောက်က အထက်တန်းတုန်းကလည်း စီနီယာ...uni တက်တော့လည်း စီနီယာဖြစ်ခဲ့တာလေ...ပြန်ပြောပြဖို့ သနှပေမယ့် ပူတင်းလုံးက အတင်းဂျစ်နေတော့ ပြောရတော့မယ်..."
"အွန်းပြော!"
"ကိုယ်က တဖတ်သတ်ကြိုက်ခဲ့ရုံပါ။ ဇာတ်လမ်းက ရှင်းပါတယ်။ ပထမဆုံး အချစ်ဦးဖြစ်ခဲ့ပြီးတော့ နေ့တိုင်း အဲ့စီနီယာနဲ့တွေ့ရရင် ပျော်ခဲ့ဖူးတာ။ ဒါပေမယ့် အဲ့ကောင်ကောက်ကျစ်တာတော့ ကိုယ်မမြင်ခဲ့မိဘူး။ ကိုယ်နဲ့အတူရှိရင် ကိုယ့်လိုပဲခံစားချက်ထပ်တူဖြစ်နေသလိုနဲ့ အမျိုးစုံမျှော်လင့်ချက်တွေပေးပြီး ကိုယ့်ကွယ်ရာ သူတို့သူငယ်ချင်းတွေပါးစပ်ဖျားတော့ ကိုယ်ကသူ့စိတ်ကြိုက်လှိမ့်ချင်သလိုလှိမ့်လို့ရတဲ့ အလွယ်ဘောလုံးလေးဖြစ်နေခဲ့တာ..."