𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 13
"ဟန်ပူတင်း...တက် "
"ဟင် ကိုကို...ထယ်ရီတို့ရော ပါတာပဲ"
"အွန်း တက်လေ "
"မဟုတ်သေး မနက်က လာမကြိုဖို့ပြောတယ်လေ အပြန် ဟျောန်ဂျွန်းနဲ့ ပြန်မှာပါဆို "
"ဟုတ်လား ကိုယ်တော့ မမှတ်မိပါဘူး "
ပြူးတူးကြောင်တောင်ဖြစ်နေတဲ့ ပူတင်းလုံးက တီရှပ်မီးခိုးနုရောင် အပွ ၊ ဘောင်းဘီဒူးတိလောက်လေးဖြင့်။ စာကြည့်မျက်မှန်အဝိုင်းလေးလည်း တပ်ထားလျှက်ရှိပြီး ကြည့်ရတာ ဟို ကောင်လေးကို စောင့်နေပုံရသည်။
မနက်က ထယ်ရီ့ကို သူ့ဆီ လာထားရင်း "ကိုကိုလာမကြိုနဲ့နော် အပြန်ရည်းစားလေးနဲ့ပြန်မှာ" ဟု ပြောသွားသည်လေ။ဒါကို မှတ်မိသားပဲ တမင်တကာကို တကူးတကဆေးခန်းပိတ်ပြီးရအောင်လာကြိုတာလေ။ ထယ်ရီနဲ့ အွန်ပါပါးကို ဆေးခန်းမှခဏထားခဲ့လို့ရပေမယ့် အကုန် ကားနောက်ခန်းထဲထည့်လာခဲ့တာ။
မဟုတ်ရင် ဟိုကောင်လေးကိုပါ ကားပေါ်တင်ခေါ်ရမှာဆိုးလို့လေ...
"တက်လေ...."
"ဟို ဟျောန်ဂျွန်းက..."
"အဲ့တော့ ကိုယ်က ပြန်သွားပေးရမယ်ပေါ့ အဲ့လိုလား...ပူတင်းလုံးကနော် တကယ်ပဲ !"
"မဟုတ်...အဲ့လိုသဘောမျိုး မဟုတ်ဘူး ကျွန်တော် ဂျန်ဟျောန်ဂျွန်းကို ဖုန်းဆက်ဦးမယ် မနက်ဖြန်မှ တွေ့မယ်လို့လေ "
"ဒါဆိုလည်း ကားပေါ်အရင်တက် "
အထဲကနေ lover seat ဘက်ကို တွန်းဖွင့်ပေးလိုက်ပြီး ပူတင်းလုံးကအထာနပ်စွာဖြင့် သူနဲ့ ပြတင်းပေါက်ဘက်မှာစကားပြောနေရာကနေ ကားပေါ်ရောက်လာခဲ့ပါ၏။ ပူတင်းမလိုက်ရင် စိတ်မကောင်းဖြစ်တဲ့ရုပ်မျိုးလုပ်ပြလိုက်တော့ ပူတင်းလုံးကသူ့ကို ပြူးကြောင်ကြည့်သည်။
မတတ်နိုင်ဘူး သားလေး ရည်းစားနဲ့ ဒိတ်မနေဖို့အရေးဆွဲခေါ်ရမှာပဲ။
သူ့မှာစိတ်ချလက်ချနဲ့ ဆေးခန်းဖွင့်နိုင်သည်တောင်မဟုတ်။ ရည်းစားရှိသွားပြီလေလို့ သိလိုက်ရထဲက ချီတုံချတုံဖြစ်နေတဲ့ သူ့ဘဝက ပူတင်းလုံးကို နှမြောစိတ်ကြီးရင်ဝယ်ပိုက်ထားရတဲ့အဖြင့်။