Extra - 2

520 74 11
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Extra - 2

"စိန်အတန်းလိုက်လေးပါတာမျိုးနော် ကိုကို "

"အွန်း ကိုကိုသိပြီ "

"စေ့စပ်လက်စွပ်ကို စိန်မပါရင် လက်မခံဘူးနော် !"

စေ့စပ်ခါနီးတောင်စျေးကိုင်ခံနေရသည်မို့ စိတ်ကျေနပ်တဲ့အထိပြောစမ်းဆိုတဲ့သဘောဖြစ် လွှတ်ထားပေးပြစ်လိုက်သည်။

"ကိုကိုတို့စေ့စပ်ကြမလား ပူတင်းလုံး" ဟု စကားစမိပြီးထဲက စိန်လက်စွပ်ကိုပဲ တစီစီအော်နေခဲ့သည်မို့ စိန်ပုံကြီးပေးကာတင်တောင်းချင်ရပါတယ်။ ပြောရဆိုရလက်ပေါက်ကပ်လွန်းတာမို့ တခါတရံစိတ်မောမိရုံအပြင် စတွဲထဲကယနေ့ထက်ထိထွေထွေထူးထူး စိတ်မဆိုးမိခဲ့။

"ကိုကို...ကိုကိုကြားလားလို့..."

"အွန်းအွန်း ကိုကိုကြားရနေပါတယ်လို့..."

ဆေးပုလင်းထဲက ဆေးရည်တွေကို ဆေးထိုးအပ်နဲ့လေမခိုအောင်စုပ်ယူနေပေမယ့် လက်မောင်းကိုဆွဲခါလှုပ်ရမ်းလာသည်မို့ သူ့အလုပ်ဟာ မပြီးမြောက်။ သံကုတင်ပေါ်မှာ လှဲအိပ်နေတဲ့အမွှေးပွခွေးကလေးအတွက် ဆေးထိုးဖို့ရာပူတင်းလုံးကြောင့် လွယ်လွယ်မဖြစ်နိုင်။

လေခိုသွားပြီဖြစ်လို့ ဆေးထိုးအပ်ထဲကဆေးရည်တချို့ကို ပြန်ထုတ်လိုက် ၊ ပြန်စုပ်ယူလိုက်ဖြင့် ဗျာများရသည်။

"မဟုတ်မှ ကိုကို ကျွန်တော့်ကို စိတ်မရှည်တာလားဟင် "

"မဟုတ်ပါဘူး ကိုကိုအခုအလုပ်လုပ်နေရတယ်လေကွာ "

"စေ့စပ်ဖို့စကားစတာက ကိုကိုပါနော် အချိုးကအဆင်မပြေဘူး..."

အနားကချာခနဲလှည့်ထွက်သွားတာသိပေမယ့် ချက်ချင်းလိုက်မကြည့်နိုင်။ သူ့အလုပ်က အာရုံမစိုက်ရင် မှားယွင်းသွားနိုင်ပြီး အဲ့ဒီ့အမှားက သက်ရှိကလေးတွေအပေါ်မှာ ထိရောက်စေနိုင်ပါတယ်။

ဒါကြောင့် အလုပ်ချိန်တိုင်း သူအမြဲဂရုတစိုက်ရှိခဲ့တာ။ သူ့အလုပ်ချိန်မှာ အာရုံလာနောက်တိုင်း စိတ်တိုဖြစ်ခဲ့တာ။ ဒါတွေက တစုံတယောက်အတွက်တော့ သီးသန့်အလုပ်မဖြစ်တာတွေ။

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now