𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 11
"အာ့ဆို မင်းဘက်ပဲ သဘောကျရတာပေါ့ အဲ့လိုလား "
"အေး ဟုတ်တယ်"
"တကယ်ပဲ အဲ့လောက်ထိ တုံးနိုင်တဲ့ လူ ရှိသေးလို့လား "
"ငါလည်း သူနဲ့မှ ကြုံဖူးတာလေ ခြေရောလက်ရောမြှောက်တယ် "
လျှောကျလာတဲ့ စာကြည့်မျက်မှန်ကိုင်းလေးကို ပြန်ပင့်တင်လိုက်ရင်း စာကြည့်တိုက်ထဲမှာ သူရယ် သူငယ်ချင်းဖြစ်သူ ဟျောန်ဂျွန်းရယ်က တိုးတိုး တိုးတိုးနဲ့ စကားပြောနေကြသည်လေ။ ခင်တာ မကြာသေးဘူးလို့ ဆိုလိုလို့ရပေမယ့် ယူဂျင်းနဲ့ အတော်ကီးကိုက်တဲ့သူထဲမှာပါလို့ အချိန်ခဏလေးအတွင်းမှာ အခုလိုကိစ္စတွေအထိပြောပြပြီး တိုင်ပင်လို့ရတဲ့ အဖော်ဖြစ်လာခဲ့ပါ၏။
ကိုကို့အကြောင်းတချို့ကို ပြောပြမိတော့ ထိုကောင်က ဟွန့်ခနဲလုပ်ကာ သက်ပြင်းတောင်ချသေးသည်။ ကာယံကံရှင်က သူလား ကိုယ်လားမသဲကွဲ။
"မင်းကိုတော့ သူဂရုစိုက်ပါတယ် ညနေပိုင်းလာလာ ကြိုတာ သုံး လေးရက်ရှိပြီ "
"ငါ စကားမပြောပဲဖြစ်နေလို့ အတင်းလိုက်ခေါ်နေရုံပါ။ ပြီးကျ သားလေးဆိုပြီးဖြစ်အုံးမယ် "
"စောက်ကျိုးနည်း တကယ့်သားဖဇုန်ဟ "
"မရယ်စမ်းနဲ့ အရူးကောင် ! တဖက်သတ်ကြိုက်ရတာ ထင်ထားတာထက်ပိုပင်ပန်းတယ် "
ခပ်တိုးတိုးရယ်နေတဲ့ ကောင်ကြောင့် ယူဂျင်းမှာ မျက်နှာကို မဲ့ထားမိသည်အထိပါပဲ။ အေးပေါ့လေ သူ့အဖြစ်က ရယ်လည်း ရယ်ချင်စရာ။ ဒီနေ့မနက်တင် ကျောင်းထိအတင်းလိုက်ပို့ပြီး "ပူတင်းလုံး မုန့်ဖိုးလိုသေးလား...မွေးစားအဖေဆိုတော့ ဒီလောက်တော့ပေးသင့်တယ်လေနော်" လို့ပြောသည်ကို သူငယ်ချင်းဖြစ်သူက ကြားခဲ့သည်လေ။
ကုန်းကောက်စရာမရှိအောင် တဖက်သတ်ကြိုက်မိရင်း အရှက်ကွဲရတဲ့ သူ့ဘဝဟာ ကြာလာလေ သနားစရာကောင်းလာလေပဲ။ တချိန်လုံး အဖေပုံစံဖြစ်နေခဲ့တာ ဘယ်လိုတွေးချလိုက်လို့ ကိုကိုအဓိပ္ပာယ်ကောက်လွဲသွားလဲဆိုတာ သူလိုက်မမှီနိုင်။