Chapter 17: ငါ့ကို လွမ်းလား?
•
••••••
နောက်ဆုံးစာမေးပွဲကြီးက အောင်မြင်စွာပဲပြီးဆုံးသွားခဲ့ပြီး ကျောင်းသားများရဲ့ အချိန်ကြာမျှော်လင့်စောင့်စားခဲ့ရသည့် ဆောင်းရာသီအားလပ်ရက်သို့ ရောက်ရှိခဲ့လေသည်။
ယဲ့ယောင်နဲ့လုရွှမ်းက ထိုနေ့တစ်ရက်တည်းမှာပဲ လက်မှတ်ဝယ်ကာ လေဆိပ်သို့အတူဆင်းလာကြသည်။ သူမထွက်ခင် ယဲ့ယောင်ရဲ့လေယာဉ်တက်ရမယ့်အချိန်က အစောဆုံးဖြစ်သည်။ လုရွှမ်းသူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်တယ်။
"ငါမင်းကို နေ့တိုင်းဖုန်းခေါ်မယ်" လုရွှမ်းကပြောသည်။ "ငါ့ကိုလွမ်းဖို့သတိရနော်"
"မင်းကငါ့ကို နေ့တိုင်းဖုန်းခေါ်နေမှတော့ မင်းကိုလွမ်းနေဖို့မလိုတော့ဘူး" ယဲ့ယောင်ကပြန်ဖြေသည်။
"မင်းတကယ်ကို တွန့်တိုလိုက်တာ၊ ရပါတယ်လေ ငါကြိုက်တယ်" လုရွှမ်းက ယဲ့ယောင်ရဲ့ပုခုံးပေါ် သူ့ခေါင်းကိုနစ်မြှုပ်ထားပြီး နက်ရှိုင်းစွာအသက်ရှူသွင်းလိုက်ပြီးမှ အင်တင်တင်နှင့်လွှတ်ပေးလိုက်သည်။
ယဲ့ယောင်သည် သူ၏ခရီးဆောင်အိတ်ကို ဂိတ်ပေါက်ဆီဆွဲသွားလိုက်သည်။ လေယာဉ်ပေါ်မတက်ခင် သူပြန်လှည့်ကြည့်လိုက်တယ်။ လုရွှမ်းက ထိုနေရာ၌ ရပ်စောင့်နေလျက် သူထွက်သွားသည်ကို ကြည့်နေဆဲပင်။
* * * * *
ယဲ့ယောင်၏ အိမ်အပြန်ခရီးသည် အခက်အခဲအတားအဆီးမရှိ လိုရာရောက်သွားခဲ့ပြီး သူ့အတွက် သူ့မိဘများချက်ပြုတ်ပေးသော အိမ်ချက်ဟင်းလျာများကို စားသောက်ခဲ့သည်။
ညစာစားပွဲ၌ သူ့ကိုဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေထည့်ပေးမဲ့ လုရွှမ်းမရှိသော်လည်း ထိုအစားသူ့မိဘများ၏ အလေးပေးမှုများကြောင့် ယဲ့ယောင်မှာအနည်းငယ် မိန်းမောသွားခဲ့ရသည်။
လုရွှမ်းနဲ့အဝေးမှာရှိသည့် ပထမဆုံးရက်၌ အနည်းငယ်လောက်တော့ နေရထိုင်ရအဆင်မပြေပေမဲ့ သူ့ကိုသက်ပြင်းတော့ချစေနိုင်ခဲ့သည်။
YOU ARE READING
ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽
RomanceStart date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit to original author & artist.