Chapter 21: သူကပြောတယ် ငါကမင်းကိုတိတ်တခိုးသဘောကျနေတာပါတဲ့
•••••••
အိပ်ရာမှနိုးလာပြီးနောက် ယဲ့ယောင်အခန်းထဲကထွက်လာသည့်အခါ သူ့အဖေနဲ့အတူ ထမင်းစားပွဲ၌ပန်းကန်များကို နေရာလိုက်ချနေသောလုရွှမ်းအားတွေ့လိုက်ရသည်။ မြင်ကွင်းတစ်ခုလုံးက အလွန်ပင်သဟဇာတဖြစ်လျက်။
ယဲ့ယောင်ထွက်လာတာမြင်တော့ လုရွှမ်းကခေါက်ဆွဲတစ်ပန်းကန်ကိုကောက်မကာ ယဲ့ယောင်ရှေ့ချပေးလိုက်သည်။
"မကျက်တကျက်ပြုတ်ထားတဲ့ဥတွေ မင်းမကြိုက်မှန်းသိလို့ ငါမင်းအတွက် ကြက်ဥအကျက်ပြုတ်တစ်လုံး လုပ်ပေးထားတယ်" လုရွှမ်းသူ့မျက်ခုံးကိုပင့်လိုက်သည်။
"ရှောင်လုကလေ တကယ်ကိုစဥ်းစားတတ်၊ တွေးပေးတတ်တဲ့ကလေး။အနာဂတ်မှာမင်းနဲ့လက်ထပ်မှာ ဘယ်လိုမိန်းကလေးပဲဖြစ်ဖြစ်၊ သူမကတော့တကယ်ကိုကောင်းချီးပေးခံရတာပဲ! " ယဲ့ယောင်အဖေက သက်ပြင်းချလျက်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး" ရိုးရိုးကုပ်ကုပ်ပုံစံလေးနှင့် လုရွှမ်းစကားဆိုသည်။ "ကျွန်တော်က ငယ်ငယ်လေးကတည်းက အမြဲတမ်းနူးညံ့ပြီးထောက်ထားညှာတာတတ်တယ်လေ ပြီးတော့လူတွေကိုလည်း အမြဲတမ်းဂရုစိုက်ပေးနေကျ"
ယဲ့ယောင် : "......"
ဒါဘာရှိုးပွဲအစီအစဥ်လဲ?
ဒီကောင်ဘာအကွက်တွေကစားနေလဲတော့ ယဲ့ယောင်မသိပေမဲ့ သူ့ထက်အကြီးတွေရှေ့မှာ လုရွှမ်းကရှိုးပြချင်နေတာဆိုတော့ ယဲ့ယောင်သူ့ကို ရန်မစတော့ချေ။
ပုံမှန်အတိုင်းပဲ ခေါက်ဆွဲစားရန်ယဲ့ယောင်ထိုင်ချလိုက်တယ်။ လုရွှမ်းကသူ့ရဲ့မျက်နှာအမူအရာကို သေချာစွာစောင့်ကြည့်နေရင်း သူ၏'ဂရုစိုက်ချင်း'အပြုအမူမှာ အလုပ်မဖြစ်ကြောင်းသိလိုက်ရသည်။
ယဲ့ယောင်နဲ့သူအတူရှိလာတာကြာပြီ။ ထိုပုဂ္ဂိုလ်လေးက ဘယ်လိုလူမျိုးလဲဆိုတာ သူသိပ်သိတာပေါ့။ သူ့ရဲ့ပုံရိပ်ကိုယာယီပြောင်းလဲလိုက်ချင်တာက အလွန်ပင်ရုတ်တရတ်ဆန်ကာ သဘာဝမကျဖြစ်နေပေလိမ့်မည်။
YOU ARE READING
ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽
RomanceStart date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit to original author & artist.