23

1.2K 201 22
                                    

Chapter 23: ဒါဆို ဝန်ခံလိုက်

•••••••

ယဲ့ယောင်မှာ ရယ်ရမလား၊ ငိုရမလားပင်မသိတော့။

ဒီလူက စက္ကန့်ပိုင်းအတွင်း ဘယ်လိုလုပ်လဒူတစ်ယောက်ဖြစ်သွားရတာလဲ? သူ့ခြေထောက်ပဲ အဆစ်လွဲသွားတာပါနော်၊ ဦးနှောက်ပါ ချောင်သွားတာမဟုတ်ဘူးမလား?

လုရွှမ်းက အဖြောင့်ဟုတ်လား၊ မဟုတ်လား သူကကောင်းကောင်းသိတာပေါ့။

ယဲ့ယောင်က သူ့ကိုမယုံတာမြင်တော့ လုမင်မှာ စိုးရိမ်ကြောင့်ကြလာသည်။ သူယဲ့ယောင်ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး မြန်မြန်ပြောလိုက်သည်။ "ကျွန်တော်ပြောတာ  အမှန်ပါ! သူအစ်ကိုတို့နှစ်ယောက်ရဲ့ဓာတ်ပုံကို အိပ်ရာဘေးကစားပွဲပေါ်မှာတင်ထားတယ်!"

ယဲ့ယောင် မအံ့ဩသွားဘူး၊ အိပ်ရာဘေးကဓာတ်ပုံဆိုသည်မှာ လုရွှမ်းရဲ့သာမန်လုပ်ရိုးလုပ်စဥ်တစ်ခုသာ။ ဒါပေမဲ့ ဒီလူငယ်လေးလုမင်မှာတော့ ရှင်းရှင်းလင်းလင်းမသိခဲ့။

ထိုဘုမသိဘမသိလူငယ်လေးသည် ယဲ့ယောင်၏တည်ငြိမ်နေမှု၌ အံ့အားသင့်နေရလေ၏။ သူပြောသမျှအားလုံးကို ယဲ့ယောင်ကမယုံကြည်ဘူးဟု သူခံစားနေရသည်။ ထို့ကြောင့်သူသည် သူ့ရဲ့အများကလက်ခံယုံကြည်ပေးနိုင်စွမ်းကို တိုးမြင့်သွားအောင်ပိုပြီးတိတိကျကျ ထပ်ထည့်ပြောလိုက်တယ်။ "တကယ်ပြောတာ၊ အမှန်ပဲ။ သူသိုးမွေးလည်း တိတ်တိတ်လေးထိုးထား....."

သူစကားကိုဆုံးအောင် မပြောရသေးခင် ဖုန်းဖြေရန်အပြင်ထွက်သွားသည့် လုရွှမ်းမှာရုတ်တရတ်တံခါးဖွင့်ဝင်လာကာ အရှေ့ကမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ချက်ချင်းကိုဒေါသအမျက်ခြောင်းခြောင်းထွက်လာပြီး "မင်းဘာလုပ်တာလဲ? လုမင်၊ သူ့ကိုလွှတ်လိုက်စမ်း!"

သူ့ကိုယ်ပိုင်သူငယ်ချင်းတောင်မရှိတဲ့ ဒီလူကဘာလို့သူ့သူငယ်ချင်းရဲ့လက်ကို ကိုင်ထားရတာလဲ?

လုရွှမ်းအရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့လှမ်းလာပြီး လုမင်ရဲ့လက်ကိုအဝေးသို့ ပုတ်ထုတ်လိုက်သည်။ သူလုမင်ကို တိုက်ရိုက်ပဲသတိပေးလိုက်တယ်။ "ကျေးဇူးပြုပြီး ငါ့ကိုအာရုံလေးစိုက်နားထောင်၊ မင်းကလူနာတစ်ယောက်ဖြစ်နေရင်တောင် လူတွေကိုပေါ့ပေါ့ဆဆလိုက်ထိတွေ့နေဖို့ စိတ်တောင်မကူးနဲ့။ ပုံမှန်လူမှုရေးအရအကွာအဝေးကို ဘယ်လိုထိန်းရမလဲဆိုတာ မင်းနားလည်ရဲ့လား?"

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now