25

986 159 14
                                    

Chapter 25: မင်းရဲ့အိပ်ရာဆီပြန်သွား

•••••••

အမူးသမားလုရွှမ်းမှာ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ဖို့ကို ငြင်းဆန်နေပြီး ယဲ့ယောင် ‘လွှတ်ထုတ်’ဖို့ကိုတောင် ဆက်၍ကူညီပေးချင်နေကာ ယဲ့ယောင်အတွက် တမူထူးခြားသည့်မွေးနေ့အတွေ့အကြုံလေး ပေးချင်နေသည်။

သေချာပေါက်ပေါ့၊ ယဲ့ယောင်က လုရွှမ်းကိုအောင်မြင်ခွင့်မပေးပဲ သူ့ခန္ဓာကိုယ်ကိုဆွဲတင်လိုက်တယ်။

"မင်းဒါကို  ရွံနေမှန်းသိပါတယ်၊ အဲ့ဒါကြောင့် မစိုးရိမ်နဲ့"  လုရွှမ်းက စိုးရိမ်တကြီး ရှင်းပြလာသည်။ "မင်းငါ့ကို ကူပေးဖို့မလိုပါဘူး။ ငါ့ကပဲမင်းကို ကူညီပေးမယ်လေ"

"အဲ့လိုလည်း  မလုပ်ရဘူး" ယဲ့ယောင်က အေးစက်စွာငြင်းလိုက်သည်။ "အဲ့လိုရင်းနှီးတဲ့ထိတွေ့ဆက်ဆံမှုမျိုးကို ငါ့ရဲ့အနာဂတ်လက်တွဲဖော်ကပဲ လုပ်လို့ရနိုင်တာလေ၊ မင်းအတွက်ဆိုရင် အခွင့်အရေးမရှိဘူး"

ထိုဝါကျက လုရွှမ်းကို စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်စေခဲ့သည်။ သူ့ရဲ့မျက်ခုံးမွှေးများမှာ ပြေလျော့ကျသွားပြီး အသည်းကွဲနေကြောင်းကိုပြနေသည်။

"မင်းရဲ့စိတ်ကူးယဥ်ပုဂ္ဂိုလ်က  ငါ့ထက်ပိုပြီးအရေးကြီးတာလား?"  လုရွှမ်းက စိတ်ပျက်အားငယ်စွာနှင့် မေးသည်။

ဒီလုံးဝမူးနေတဲ့အရူးကို ပြန်တုံ့ပြန်ဖို့ ယဲ့ယောင်စိတ်အနှောင့်အယှက်အဖြစ်မခံတော့ပေ။ ရိုးရိုးရှင်းရှင်းသန့်ရှင်းရေးလုပ်ဖို့ ဦးဆောင်ပြီးနောက် လုရွှမ်းကို အိပ်ရာပေါ်တွန်းတင်လိုက်တော့၏။

လုရွှမ်းကယဲ့ယောင်ရဲ့လက်ကို ကိုင်ထားပြီးထုံးစံအတိုင်း ယဲ့ယောင်နဲ့အတူအိပ်ချင်နေခဲ့တယ်။

ကုတင်နံဘေးယဲ့ယောင်ရပ်၍  ထိုယောက်ျားကိုသူ့ဘာသာသူ ထွက်သွားဖို့အတင်းအဓမ္မခိုင်းစေကာ သူ့ကိုတွယ်ကပ်ချင်နေတဲ့လုရွှမ်းအား အေးစက်စွာပြောလိုက်သည်။ "မင်းပြဿနာထပ်ရှာနေရင်  ငါမင်းကိုလျစ်လျူရှုထားလိုက်တော့မှာ"

လုရွှမ်းမှာ အချိန်တစ်ခုလောက်တောင့်တင်းသွားကာ "မင်းနဲ့အတူအိပ်ချင်တာက ပြဿနာရှာတာလား?"

You've reached the end of published parts.

⏰ Last updated: Aug 26 ⏰

Add this story to your Library to get notified about new parts!

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now