22

1.1K 214 20
                                    

Chapter 22: ပြေးတော့! မင်းကမှလုရွှမ်းထက် ပိုဖြောင့်တာ!

•••••••

လုမင်တစ်ယောက် လုရွှမ်းရဲ့တံခါးကိုခေါက်လိုက်တယ်။

လုရွှမ်းတံခါးလာဖွင့်တဲ့အခါမှာ သူ့ရဲ့မျက်နှာအမူအရာက ကြည်သာနေဆဲပင်၊  သို့ပေမဲ့ သူ့မျက်လုံးများက လုမင်ရဲ့အနောက်ဘက်ကိုလှိမ့်ကြည့်လိုက်ပြီး ယဲ့ယောင် မလိုက်လာသည်ကိုတွေ့သည့်အခါ သူ့အမူအရာမှာ ကြမ်းကြုတ်ရက်စက်သည့်အသွင်သို့ ချက်ချင်းပင်ပြောင်းသွားတော့သည်။

သူသည် လုမင်ကိုအထဲသို့ဆွဲခေါ်လိုက်ပြီး  ယဲ့ယောင်ရဲ့နှလုံးသားထဲ သူ့၏ပုံရိပ်ကိုယိုယွင်းပျက်စီးသွားစေမည့် နောက်ပိုင်းတွင်ထွက်ပေါ်လာမည့် လုမင်ရဲ့အော်သံများကို တားဆီးရန်တံခါးကိုဆောင့်ပိတ်ချလိုက်တော့သည်။

လုမင်မှာ သူ့ခေါင်းသူချက်ချင်းပင် အုပ်ကိုင်ကာ "ကျွန်တော့်ကို မျက်နှာတော့မရိုက်ပါနဲ့!ကျွန်တော်စင်ပေါ်မှာဖျော်ဖြေရမှာ!"

"မင်းသူ့ကို ဘာသောက်စကားတွေသွားပြောလိုက်လို့ သူကမနက်အစောကြီးထွက်သွားမယ်လို့ ပြောရတာလဲ?" လုရွှမ်း သူ့ဝမ်းကွဲရဲ့အင်္ကျီကော်လာကို ဆောင့်ဆွဲလိုက်ပြီး သူ့ရဲ့အသံကအေးစက်နေကာ "မင်းဒီနေ့ဒါကိုမဖြေရှင်းရင်  နောင်အနာဂတ်မှာ မင်းဒီကိုလာစရာမလိုတော့ဘူး"

လုမင်ရဲ့အသံလေးမှာ ဖျော့တော့အားနည်းလျက် : "အဲ့ဒါက ...... သူကောကို အသံမက်ဆေ့ခ်ျနဲ့ပြောခဲ့တာတွေပါပဲ"

"သူကအဖြောင့်မဟုတ်ဘဲ အရင်ကသူငယ်ချင်းလို ငါ့ကိုကြိုက်နေတယ်လို့မင်းထင်နေတာလား?" လုရွှမ်း နှာခေါင်းရှူံ့လိုက်ကာ လုမင်ရဲ့ကော်လာပေါ်က သူ၏ဆုပ်ကိုင်ထားမှုသည် ပို၍တင်းကြပ်လာပြီး လုမင်ကိုအပေါ်သို့ ပင့်မထားလုနီးပါပင်။ အဲ့ဒီနောက် ပြတ်သားစွာဆက်မေးလိုက်တယ်။ "မင်းသူ့ကို  အဖြောင့်မဟုတ်ဘူးလို့  ဘာလို့ထင်ရတာလဲ? သူ့ကိုဘာလို့ သွားပုတ်လေလွင့်တွေလျှောက်ပြောပြီး နာမည်ဖျက်နေရတာလဲ? ဟမ်?"

လုရွှမ်းရဲ့ပုံစံက ပို၍ရက်စက်ကြမ်းကြုတ်လာလေလေ၊ လုမင်မှာ သူ့ကိုယ်သူဘောလုံးလေးတစ်လုံးလို ကြုံ့သွားစေချင်လေပင်။ သူသည်အားနည်းသည့်အသံဖြင့် အကြောင်းပြချက်ပေးဖို့ ကြိုးစားလိုက်တယ်။ "သူကအစ်ကို့ရဲ့ညဝတ်အင်္ကျီတွေကိုယူဝတ်တယ်၊ ပြီးတော့ အစ်ကိုတို့ရဲ့တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးက တခြားသူတွေထက်ပိုကောင်းတယ်လို့ ပြောသေးတယ်။ အဲ့ဒါကြောင့်အစ်ကိုကသူ့ကို အစ်ကို့ရဲ့အဝတ်တွေငှားပေးမှာတဲ့။ သူ့ညဝတ်တွေကို တမင်မယူလာပဲ အစ်ကို့ဟာတွေငှားမှာလို့ပြောတာလေ။ ဒါက crushရှိတဲ့သူတွေပဲ သူတို့ရဲ့ချစ်သည်းသက်ညှာလေးနဲ့ ပိုနီးစပ်နိုင်ဖို့ဘာမဆိုလုပ်ကြတာ မဟုတ်ဘူးလား?"

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now