24.1 အချစ်ဆုံးသူငယ်ချင်း

1K 179 24
                                    

24အဆက်


၁၂နာရီကျော်လွန်နေပြီဖြစ်ပြီး  ဒီလူသုံးယောက်ကလည်း အတော်ပင်အမူးလွန်နေပြီဖြစ်ကာ ဘာမှထပ်မကစားနိုင်ကြတော့ချေ။ ယဲ့ယောင်မှာ ဒီအမူးသမားသုံးယောက်ကို ဘေးချင်းကပ်ရှိ ဟိုတယ်တစ်ခုသို့ ရိုးရိုးရှင်းရှင်းပဲဆွဲခေါ်လာလိုက်ပြီး အနီးအနားရှိအခန်းနှစ်ခန်းကို ဖွင့်လိုက်သည်။

သူသည် သူ့သူငယ်ချင်းနှစ်ယောက်ကို ကုတင်ပေါ်တက်အိပ်နိုင်ရန် ကူညီပေးလိုက်ပြီး အဲ့ဒီနောက်တော့ အရပ်ရှည်ရှည်လုရွှမ်းအား နောက်တစ်ခန်းသို့ ပြန်ဆွဲခေါ်လာလိုက်သည်။

ကုတင်ပေါ်တက်ရန် လုရွှမ်းကိုသူချော့မြူကြိုးစားလိုက်ရပေမဲ့ လုရွှမ်းကကုတင်ပေါ်ရောက်ပြီးနောက် ကုတင်အစွန်း၌တည့်မတ်စွာသွားထိုင်နေပြီး သူ့မျက်လုံးတွေက ဓားသွားတွေလိုစူးရဲထက်မြနေလျက်။

"မအိပ်ချင်သေးဘူးလား? ငါမင်းကိုရေချိုးပေးမယ်လေ" ယဲ့ယောင်မေးလိုက်သည်။

လုရွှမ်းခေါင်းခါလိုက်ပြီး သူ့ဘေးနားကိုပုတ်ပြလာသည်။ ထို့ကြောင့်ယဲ့ယောင် လုရွှမ်းဘေးနားသွားထိုင်လိုက်သည်။

ယဲ့ယောင်နဲ့လုရွှမ်း အချင်းချင်းကြည့်နေမိကြသည်။ လုရွှမ်းရဲ့မျက်လုံးတွေက နက်မှောင်နေပြီး လူတွေကိုသူ့အတွေးတွေအားဖြတ်ပြီး မြင်နိုင်စေဖို့ရန်မှာ မဖြစ်နိုင်ပေ။

ယဲ့ယောင် သိသလောက်တော့ လုရွှမ်းဒီလိုမူးသည့်အခါတိုင်း နောက်တစ်နေ့သူနိုးလာသည့်အခါ တစ်နေ့ကသူအရက်မူးပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို မေ့သွားလိမ့်မည်ပင်။

လုရွှမ်းကမှီချလိုက်တာကြောင့် သူ့ပုခုံးကယဲ့ယောင်ရဲ့ပုခုံးပေါ် ထောက်ထားသလိုဖြစ်နေသည်။

"မူးပြီးသွားရင်  မင်းကိုငါဖွင့်ပြောခဲ့တဲ့အကြောင်းမေ့သွားလိမ့်မယ်၊ သက်တောင့်သက်သာမဖြစ်တဲ့အချက်လည်းမေ့သွားလိမ့်မယ်၊ ပြီးရင်ငါကကမ္ဘာ့နံပါတ်တစ် ညီအစ်ကိုတစ်ယောက်ပြန်ဖြစ်သွားမှာပဲ ဟုတ်တယ်မလား?" ယဲ့ယောင်ပြောသည်။

ထိုစကားလုံးတွေကို လုရွှမ်းကြားသည့်အခါ ပြုံးလာခဲ့သည်။ "ကမ္ဘာ့နံပါတ်တစ်" သူ့လက်တွေက တစ်စုံတစ်ခုကိုလိုက်ရှာနေသလို စမ်းတဝါးဝါးလိုက်စမ်းနေသည်။ သို့ပေမဲ့ ရှာမတွေ့သည့်အခါ စိုးရိမ်တကြီးလှည့်ကြည့်လာခဲ့သည်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now