24

719 150 4
                                    

Chapter 24: အချစ်ဆုံးသူငယ်ချင်း

•••••••

လုရွှမ်းသန့်စင်ခန်းမှ ပြန်လာသည့်အခါ တံခါးအပြင်ကနေပင်သီချင်းတစ်ပုဒ် အစပျိုးသံကိုကြားလိုက်ရသည်။

အရမ်းကိုနာမည်ကြီးသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ တိတ်တခိုးချစ်ရတဲ့သူရှိသည့် တစ်စုံတစ်ယောက်၏ရှူထောင့်ဘက်မှနေ၍ တစ်စုံတစ်ယောက်ကိုတိတ်တိတ်လေးချစ်နေမိသည့် လူတစ်ယောက်၏နှိမ့်ချတဲ့အချစ်ကိုဖော်ညွှန်းနေခြင်းပေ။  တေးသွားသည်အနည်းငယ်ဝမ်းနည်းစရာကောင်းနေပြီး သူတို့ရဲ့ပျော်ရွှင်စရာမွေးနေ့ပါတီကာရံနှင့် လုံးဝကွဲထွက်လို့နေ၏။

သီချင်းကိုပိတ်ဖို့ သူဆင်ခြေတစ်ခုရှာရတော့မည်။

တွေးတောရင်းဖြင့် လုရွှမ်းတံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်။

သေးသေးသွယ်သွယ်ပုံရိပ်လေးသည် သီးသန့်ခန်း၏ဆုံလည်ကုလားထိုင်အမြင့်ပေါ်၌ တစ်ဦးတည်းထိုင်လို့နေ၏။ သူဝင်လာတာကို ထိုပုဂ္ဂိုလ်လေးမြင်တော့ ခေါင်းမော့ပြီးကြည့်လာတယ်။ မှေးမှေးမှိန်မှိန်မီးရောင်အောက်၌ သူ၏အမူအရာမှာ မသဲမကွဲ။

ဒီသီချင်းကိုဆိုနေတဲ့သူက ယဲ့ယောင်ပဲ။

လုရွှမ်းမတုံ့ပြန်နိုင်ခင် သူ့ကိုတခြားသူတွေက ဆိုဖာဆီဆွဲခေါ်သွားတော့၏။

"လုကော အတူလာထိုင်ပြီး ယဲ့ကောသီချင်းဆိုတာနားထောင်" တာ့ဟေးကပြောသည်။ "ယဲ့ကောကို  အားပေးဖို့လည်းသတိရဦးနော်!"

စခရင်ပေါ်ကစာသားတွေကိုဖတ်ရန် ယဲ့ယောင်ဘေးဘက်လှည့်လိုက်သည်။ သူ၏အနည်းငယ်ပြေလျော့နေသောနောက်ကျောက ဖြောင့်မတ်နေဆဲ။

ယဲ့ယောင်ရဲ့သီချင်းဆိုသည့်အသံသည် ရွှင်မြူးတက်ကြွပြီးကလေးဆန်သည့်အသံမျိုးမဟုတ်ပဲ အေးစက်စက်နှင့် ဒီအညတရလျှို့ဝှက်အချစ်သီချင်းကို သီဆိုသည့်အခါ စာသားထဲဖော်ပြထားသည့်ဝမ်းနည်းမှုကို သယ်ဆောင်လာလေသည်။

လိမ္မော်ရောင်အလင်းတန်းများက ယဲ့ယောင်ရဲ့လည်ပင်းပေါ် ပြိုးပြိုးပြက်ပြက်လင်း၍နေကာ သူ၏ကြော့ရှင်းသွယ်လျသောလည်တိုင်ပေါ်ရှိ လည်စလုတ်ရဲ့အဖုအဖောင်းလေးကို လင်းလက်စေသည်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now