ဆံမြတ်ချ လှပါပေ့....🌻
အပိုင်း(၁၄)
"အမလေး အမလေး ကုန်ပါပြီးတော် မေသင်းကြိုင် နင်ဟာလေ နမော်နမဲ့နဲ့ ဒီအရွယ်ရောက်နေပြီး ထမင်းတစ်အိုးတောင်သေချာမတည်တက်ဘးးလား ဟမ်"
ဂွတ်
အ...
ထဘီမ၍ ပြောပြောဆိုဆိုပင် ဒေါ်ညိုမြမှ မေသင်းကြိုင်၏ငယ်ထိပ်တည့်တည့်ကိုလက်ဆစ်ဖြင့် ခေါက်လိုက်ရာ မေသင်းကြိုင်ငယ်ထိပ်လေးနာ၍ပူသွရသည်။
ထမင်းအိုးဆူချိန်ဘငှဲ့ရန် အဝတ်စုတ်ဖြင့်သူမအိုးကိုကိုင်လိုက်စဉ် ပူလွန်းတာမို့နဂိုက ကိုင်တွယ်ရသည်မှာ လက်မခိုင်လှ၍ အလွယ်တကူပင် မှောက်ကျကုန်ပြီး သူမခြေဖမိုး၌လည်းထမင်းရည်များ ဖိတ်စင်ကာ အပူလောင်လို့သွားသည်။
ဤသည်ကို ဒေါ်ညိုမြမှ စိတ်တိုလျက် မှောက်နေသောအိုးအား ဇိုးဇိုးဇက်ဇက်ဖြင့်ဆောင့်ဆွဲယူကာ ရေကပြင်တွင် ပစ်ချလိုက်သည်။
ထို့နောက် မျက်ရည်ဝဲကာ ငုတ်တုတ်လေးထိုင်နေသောသူမဆီပြန်ရောက်လာကာ
"နင်ဟာလေ နင်ဟာလေ အမြဲ ဟိုမကိုင်မိ ဒီမကိုင်ထိနဲ့ နင့်လက်တွေနူနေတာလား ဘာမှ အသုံးမကျဘူး နင့်အသက်ကြီးနေပြီး ဘာမှမလုပ်တက်သေးဘူးလားဟမ်"
ဟုအံကြိတ်ဆိုကာ သူမကျောပြင်ကိုတဘုံးဘုံးဖြင့် ရိုက်လိုက်နေရာ မေသင်းကြိုင်၏ ပိန်ပိန်ပျော့ဖက်ဖက်ကိုယ်လေးမှာ ရှေ့သို့ယိုင်ယိုင်သွားရသည်။
"အင့်....ဟင့်ဟင့်...."
ကျောပြင်တွေနာကာ ကြိမ်းစက်လာတာရော နဂိုက ခြေဖမိုးအပူလောင်၍ ပူစပ်နေတာရောပေါင်းကာ မေသင်းကြိုင်ငိုတော့သည်။
"ဟဲ့ဘာလို့ငိုတာလဲ ....နင့်ကို ငါဘာလုပ်ရေသးလို့လဲဟမ် ....မိကြိုင် ငါ ညည်းအမေမဟုတ်ဘူးနော် ဒီလောက်လေးအရုိက်ခံရတာကို မျက်ရညခံထိုးမနေနဲ့သွားစမ်းထ ...ထမင်းတစ်အိုးထပ်တည် နောက်တစ်ခါထပ်မှောက်လို့ကတော့ ဟိုမှာတွေလား ဝါးခြမ်းပြား ညည်းတစ်ကိုယ်လုံးစုတ်သွားမယ် ထ...သွားတည်စမ်း ထမင်း"
ဒေါ်ညိုမြခါးထောက်ကာ ရပ် ကြည့်နေရာ ခုထိငုတ်တုတ်ထိုင်ကာ ရှိုက်ငိုလျက် မျက်ရည်ကိုပွတ်ဆွဲသုတ်ကာ မထသေးဘဲ အငုတ်တည်နေသည့် တူမဖြစ်သူကြောင့် အသည်းပိုယားကာ ခါးကြောကိုပြတ်ထွက်အောင်ဆွဲလိမ်မိသည်။
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....(Completed)
General Fictionstart date. 17 January 2024 End date. 27. July. 2024 "မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး...