ဆံမြိတ်ချ လှပါပေ့....🌻
အပိုင်း(၂၆)
ဟင်
သူအိမ်ပြန်ရောက်တဲ့ချိန်ထိ မိကြိုင်ကမီစလည်းထမဖွင့်ပဲ အမှောင်ထဲအိပ်နေတုန်းပင်။
ထို့ကြောင့် သူ ပဲ မီးခလုတ်ကိုဖွင့်ကာ မိကြိုင်အိပ်ယာနားသွား၍ အိပ်ပျော်နေသော မိကြိုင် ပုခုံးကို ပုတ်ကာ
"မိကြိုင် ထ....ဒီမှာ နင့်အတွက် ဝက်သားဟင်းဝယ်လာတယ် ထ ...စားအုံး...နင်ကလဲ ငါလာတည်းက အိပ်နေတော့တာပဲ"
သူ ပုတ်နှိုးနေပေမယ့်မိကြိုင်က တုန့်တုန့်မျှမလှုပ်ပါ။
ထို့ကြောင့် သူလည်းစိတ်မရှည်တော့ဘဲ
"အေ အဲ့မှာ အိပ်ပဲနေတော့ မထနဲ့ ဘာမှလည်းမစားနဲ့"
သူပြောပြီး ဟင်းထုပ်ကို အနောက်ဖေးသို့ယူလာခဲ့လိုက်သည်။
ထို့နောက် ဟင်းထုပ်အားစားပွဲပေါ်တင်၍ အိမ်ရှေ့သို့ မျက်မှောင်ကြုပ်၍လှည့်ကြည့်မိသည်။
မိကြိုင် အိပ်နေတာ တော်တော်ကြာတာပဲ ...
နေများမကောင်းဘူးလား မသိဘူး...ဟူ၍တွေးမိကာ တဖန် သူမနားပြန်ရောက်သွားရသည်။
ထို့နောက် နဖူးကို လက်ပြန်ဖြင့်စမ်းချိန် ကိုယ်လည်းနွေးနေပြီး နဖူးမှ ချွေးစေးများလည်းကျလို့နေ၏။
"မိကြိုင် မိကြိုင် ..."
သူစိတ်ပူကာ သူမပုခုံးကိုလှုပ်ရမ်းနှိုးပေမယ့် မိကြိုင်ဘက်က ဘာမျှတုံ့ပြန်လာခြင်းမရှိတာမို့ သူခေါင်းကြီးသွားရသည်။
သူ သူမ နှာခေါင်းနားလက်ညှိုးဖြင့်အသက်ရှုနှုန်းစမ်းသပ်ချိန် ခပ်ငွေ့ငွေ့သာရှူနေတာမို့ စိုးရိမ်ကာ ကိုဖိုးထောင်ကိုခေါ်၍သူ့ဆိုင်ကယ်ဖြင့် ဆေးရုံသို့ပြေးရတော့သည်။
သူတို့ဆေးရုံရောက်သွားချိန် ဆရာဝန်က သူမသတိလစ်နေခြင်းဖြစ်ကာ စိုးရိမ်ရသည့်အနေအထားမို့ ချက်ချင်း ဆေးစစ်မှုတွေလုပ်ကြသည်။
သူနဲ့ ကိုဖိုးထောင်လည်း ဆေးရုံရှိခုံတန်းရှည်တွင်ထိုင်စောင့်ရင်း ရင်တွေပူနေရသည်။
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....(Completed)
General Fictionstart date. 17 January 2024 End date. 27. July. 2024 "မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး...