part 33

1.1K 48 7
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၃၃)

"ကျွန်တော် မိကြိုင်ကိုထားခဲ့ပြီးမလိုက်နိုင်ဘူး အဖေ"

"ဟေ..."

ထူးသာ ပြတ်ပြတ်သားသားပင် ဖခင်ဖြစ်သူအားမျက်နှာချင်းဆိုင်၍ ဆိုလိုက်သည်

ဟိုတယ်ဧည့်ခန်းဆိုဖာခုံတွင်မျက်နှာချင်းဆိုင်ထိုင်နေကြသည့် သူတို့နှစ်ဦး

ဦးသုတအောင်မှာနဂိုတည်းက ဘဝကို ကိုယ့်တက်လမ်းအတွက် ကျန်တာတွေစိတ်မဝင်စားသူမို့ ရှေ့ကသားဖြစ်သူ၏စကားကိုအလိုမကျဖြစ်ကာမျက်မှောင်တို့ကြုံ့သွားရသညါ။

သို့သော် ခုမှပြန်တွေ့ရသည့်သားအမြင်မှာ သူဖခင်ကောင်းဖြစ်အောင်ကြိုးစားချင်တာမို့ စိတ်ကိုလျော့ကာ မျက်နှာကိုပြင်လိုက်ပြီး

"ကဲ ဒါဆိုသားကဘယ်လိုဖြစ်ချင်တာတုန်း...အဲ့ကလေးမလေးကိုဘာလို့မထားခဲ့နိုင်ရတာလဲ သူ့ကိုအဖေတို့ပြည့်ပြည့်စုံစုံနဲ့ထား‌ခဲ့ပေးမှာပဲဥစ္စာ"

"မိကြိုင်က သူများတွေနဲ့မတူဘူး...သူ့အနားမှာ သူစိမ်းတွေရှိတာမကြိုက်ဘူး...သူ့ဘဝနဲ့ကျွန်တော်နဲ့သူ့အမေကိုပဲ သူ့အတွက်အကောင်းဆုံးလို့သိထားခဲ့တာ ...
ခုသူ့ဘဝမှာသူ့အမေလည်းမရှိတော့ဘူး သူ့အတွက် အားကိုးစရာဆိုလို့ ကျွန်တော်ပဲကျန်တော့တာ
သူ့အတွက်ကျွန်တော်ပါ သူ့အနားကထွက်သွားရင် သူအဆင်ပြေမှာမဟုတ်ဘူး...
နောက်တစ်ခုက မိကြိုင်နဲ့တခြားလူတွေနဲ့ဖြစ်မှာမဟုတ်ဘူး...
သူ့ရဲ့အကြောင်းတွေခေါင်းအစခြေအဆုံးသိထားတဲ့ကျွန်တော်တောင် တခါတလေ မနည်း စိတ်ကို လျော့ထားရတယ် ...
တခြားလူတစ်ယောက်နဲ့သာဆို သေချာတယ် သူ့အခြေအနေပိုဆိုးလာမှာ အဲ့အတွက် ကျွန်တော်သူ့ကိုထားပြီး ဘယ်မှမသွားနိုင်ပါဘူးအဖေ"

"ဟူး....ကောင်းပြီးလေ သားသဘောကိုပြောပါ သားဖြစ်ချင်တဲ့အတိုင်အဖေစီမံပေးမယ်"

"ဒီမှာနေရင် ကျွန်တော့အတွက်ကဘာမှမဖြစ်ပေမယ့် မိကြိုင်ကိုတော့ ဒီလိုဘဝနဲ့မရှင်သန်စေချင်ဘူး ...သူ့ဘဝမှာ အခုန်မင်ဆုံးပန်းချီတွေနဲ့
ထွန်းထွန်းပေါက်ပေါက်မဖြစ်နိုင်ရင်တောင် အနေအထားတစ်ခုထိရောက်စေချင်တယ် အဲ့ဒါမှသူ့ကိုယ်သူ ယုံကြည်မှုရှိလာမှာ အဖေ...
ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်နဲ့အတူ မိကြိုင်ကိုပါ‌ဟိုကိုခေါ်သွားပေးပါလားခင်ဗျ ...သူ့ကို လိုအပ်တာတဲ့ပညာတွေထပ်ဖြည့်ပြီး ပန်းချီနယ်ပယ်မှာ ရပ်တည်နိုင်အောင် ကျွန်တော်အစွမ်းရှိသမျှအားနဲ့ ပျိုးထောင်ချင်တယ် ...
ဒီမှာဆို ကျွန်တော်ရတာလေးနဲ့ သူ့ကိုဘယ်လိုမှမြေတောင်မြှောက်ပေးနိုင်မှာမဟုတ်ဘူး...."

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now