part 30

920 38 4
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၃၀)

ဦးသုတအောင်မှာ ယနေ့ မေဟင်းကြိုင်၏ပန်းချီကားများကြည့်ချင်၍ ထူးသာပေးထားသည့်လိပ်စာအတိုင်းလာခဲ့သည်။

"အစ်မကြီး ဒီရပ်ကွက်က မေသင်းကြိုင်နဲ့ မောင်ထူးသာအိမ်က ဘယ်နားလဲဗျ"

"အော် မိကြိုင်တို့အိမ်လား ဒီဘုန်းကြီးကျောင်း အကျော်‌နောက်လမ်း လေးအိမ်ကျော် ဘယ်ဘက်ခြမ်းက သံဇကာနဲ့အိမ်ပဲ"

"ဟုတ်ကဲ့ ကျေးဇူးပါ အစ်မကြီး"

ဦးသုတအောင် ကားကို ဘုန်းကြီးကျောင်းဘက်ကွေ့ဝင်ကာမောင်းလာခဲ့လိုက်သည်။

ဦးသုတအောင် အိမ်ရှေ့တွင်ကားရပ်ကာ ခြံထဲဝင်လာခဲ့လိုက်သည်

"မောင်ထူးသာ သမီး မေသင်းကြိုင် "

သူအသံပေးလိုက်တော့ ကလေးမလေး မေသင်းကြိုင် အိမ်ထဲက သူ့ကိုချောင်းကြည့်လာ၍ သူပြုံးပြလိုက်သည်။

"သမီး အန်ကယ်က သမီးပန်းချီကားတွေလာကြည့်တာပါကွဲ့"

"ကို...ကိုကြီး ..ထူးသာ မရှိ ...မရှိဘူး..."

"ဟုတ်လား ဒါဆို မောင်ထူးသာ ပြန်အလာကိုစောင့်ပြီး သမီးပန်းချီတွေကြည့်‌မယ်လေ ရလား သမီး"

"ဟင်...ဟ..အင်း မရ...မရဘူး"

ထိုကလေးမလေးက ခေါင်းခါပြကာ တံခါးလည်းမဖွင့်ပေးဘဲ အိမ်ထဲပြေးဝင်သွား၍ သူ စိတ်ထဲ ဒေါသဖြစ်မိသော်လည်း ကလေးမလေး အခြေအနေကို သိထားပြီးသားမို့ စိတ်မဆိုးရက်တော့ပါ။

သူ ကားပေါ်မှာပဲ စောင့်နေဖို့တွေးထားလိုက်သည်။

နာရီဝက်အကြာမှာတော့ ဆိုင်ကယ်တစ်ဦးဖြင့် ထူးသာဆိုသည့်ကောင်လေး ရောက်လာသည်။

"အန်ကယ် ရောက်နေတာလားဗျ ကျွန်တော်အလုပ်နည်းနည်းနောက်ကျသွားလို့ တောင်းပန်ပါတယ်ဗျ အိမ်ထဲကြွပါအုံးအန်ကယ်"

ထူးသာဆိုသည့်ကောင်လေးမှာ ဘိလပ်မြေတွေဖြင့် ဖြူနေသော ရှပ်လက်ရှည်ဖြင့် ဖုန်တွေသဲတွေပေလူးနေသည့် ဒူးကျဘောင်းဘီကို ဝတ်ထားကာ သူ့ကိုအားနာနာဖြင့် ခါးကိုင်း၍ ပြောနေရှာသည်မို့ သူပြုံးပြကာ ထူးသာနောက်ကလိုက်လာခဲ့လိုက်သည်။

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now