ဆံမြိတ်ချ လှပါပေ့....🌻
အပိုင်း(၃၂)
သူမလည်း ရင်ထဲရှိသမျှဖွင့်အန်လိုက်ရချိန် မောပန်းနွမ်းလျသွားရသည်။
ဦးသုတအောင်မှာလည်း တွေတွေကြီးရပ်နေကာ တိုးသဲ့သဲ့စကားကိုဆိုသည်။
"ကိုယ်တောင်းပန်ပါတယ် ကိုယ့်အပြစ်တွေအတွက် ကိုယ်အနူးအညွတ်တောင်းပန်ပါတယ်"
"မတောင်းပန်နဲ့ ရှင်တောင်းပန်လည်းအလကားပဲ အားလုံးပြီးသွားခဲ့ပြီး ဘယ်လိုမှပြန်ကုစားလို့မရတော့ဘဲ နစ်နာခဲ့ရတဲ့အရာတွေထဲမှာ ဈေးအကြီးဆုံးကတော့ကျွန်မသားလေးဘဝပဲ ကျွန်မလေ ...ကျွန်မ...ကျွန်မသားလေးကိုသနားလွန်းလို့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ဟီး...."
သူဒူးထောက်ထိုင်ချကာ တောင်းပန်ရုံမှလွဲ၍ ဘာမှမပြောတက်တော့ပါ။
လက်မခံမှန်းသိနေတာတောင် သူ့ရဲ့ယုတ်ညံ့တဲ့လုပ်ရပ်ကြောင့် တောင်းပန်ရုံသာတက်နိုင်ခဲ့သည်။
....
"ရော့သောက်လိုက်အုံး"
ထူးသာ မေသင်းကြိုင်လက်ထဲဆေးလုံးလေးတွေထည့်ပေးကာ ရေခွက်ပါကမ်းပေးလိုက်သည်။
ဆေးသောက်ပြီးချိန် မေသင်းကြိုင်အား လှဲစေကာ သူကိုယ်တိုင်စောင်အားခြုံပေးလိုက်သည်
ထို့နောက်သူထသွားမည်ပြုတော့ မေသင်းကြိုင်က သူ့လက်အားဖမ်းဆွဲထားကာ မျက်နှာငယ်လေးဖြင့်ကြည့်နေရှာသည်။
"ဘာဖြစ်လို့လဲ မိကြိုင်"
"အကြိုင်...အကြိုင်....ကြောက်...လို့ ..."
"ဟင်း...ကဲ ကဲ အိပ်အိပ်ငါ့နင့်ဘေးမှာ နေပေးမယ် ဟုတ်ပြီးလား"
ထိုခါမှ မေသင်းကြိုင်ကပြုံးပြကာခေါင်းလေးညိတ်ပြသည်။
သူမိကြိုင်ဘေးထိုင်ကာ နံရံအားမှီ၍ စာအုပ်ထိုင်ဖတ်နေလိုက်သည်။
မေသင်းကြိုင်သူ့ဘေး၌ထိုင်နေသော ထူးသာအားကြည့်ကာ ကြောက်စိတ်တို့လွင့်ပြယ်သွားရကာ စိတ်ကလေးအေးချမ်းနေတော့သည်။
ထို့ကြောင့် စာဖတ်နေသည့်သူ့မျက်နှာကို ခိုး၍မော့ကြည့်နေမိသည်။
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....(Completed)
General Fictionstart date. 17 January 2024 End date. 27. July. 2024 "မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး...