ဆံမြတ်ချ လှပါပေ့...🌻
အပိုင်း((၂၅)
မင်္ဂလာခန်းမကြီးရဲ့အလည် အဖြူရောင်သတို့သမီးလေးမှာ သူမဖခင်၏လက်ကိုချိတ်လို့တစ်လှမ်းချင်းလှမ်းလို့လာသည်။
သတို့သားမှာလည်း သူမခြေလှမ်းတိုင်း၌ ရင်ခုန်စိတ်လှုပ်ရှားစွာ သတို့သမီးကိုစောင့်စားလို့နေ၏။
သူ အမြတ်နိုးဆုံးမိန်းကလေးကိုပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အသိက လူကို ရူးသွားနိုင်စေသည်။
သူမယုံနိုင်စွာ အလှပဆုံးသောသတို့သမီးလေးကိုငေးကာ အတိုင်းအဆမဲ့ပျော်ရွှင်မှုတို့က ရင်ကို တုန်ခါစေသည်။
သူမဖခင်လက်ထဲမှ သူတို့သမီးအားသူ့လက်ထဲ လွှဲပြောင်းလာစဉ် သူလည်းသူမလက်လေးကိုတယုတကမ်းလိုက်သည်။
"ကဲ့ မင်္ဂလာသတို့သား မောင်သူရနေဝန်းနဲ့ မင်္ဂလာသတို့သမီး မငုဝါခိုင်တို့ကို ရေစင်သွန်းလောင်း လက်ထပ်ထိမ်းမြားခြင်း အစီအစဉ်စတင်မှာဖြစ်ပါတယ်"
ဘိသိတ်ဆရာ၏စကားအဆုံး သူတို့နှစ်ဦး၏လက်တစ်ဖက်စီကိုယှက်၍သန့်စင်သောအတတ်စဖြင့် ရစ်ပတ်ချည်နှောင်ကာ နှစ်ဖက်မိဘများမှ ရေစင်သွန်းလောင်း ကြသည်။
သူကသာ အတိုင်းအဆမရှိပြောနေသော်လည်း ဘေးမှသူ့ရဲ့သူတို့သမီးလေးကတော့ထိုခမ်းမနှင့်အေဝးဆုံးသို့စိတ်တို့လွင့်ပါးနေလေသည်။
သတို့သမီးမှသတို့သားလက်ကိုချိတ်၍ ရွှေပွဲလာဧည့်ပိရိတ်သတ်များကို လိုက်လံ ဧည့်ခံနေစဉ် ခန်းမ၏တံခါးနောက်ကွယ်မှ လူတစ်ယောက်ဟာလည်း မျက်နှယမရယ်မပြုံးနှင့်သတို့သမီးလေးကို လွမ်းလွမ်းေဆွဆွေချောင်းငေးနေရှာသည်။
ခုတော့ မိုးနဲ့မြေလိုဘဝတွေခြားသွားခဲ့ပေမယ့်သူမစွန့်လွှတ်နိုင်သေးတာ ခက်သည်။
ရင်ဘတ်ထဲမှာလည်းတစ်ဆစ်ဆစ်နှင့်နာကျင်ကာ ဝမ်းနည်းကြေကွဲခြင်းတို့ကရင်နှင့်မမျှပြည့်ကျပ်လို့နေသည်။
မ ကျေးဇူးပြုပြီး ပျော်နေပေးပါ....
မ ပျော်နေတာလေးပဲ မြင်ချင်တယ် မရယ်....
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....(Completed)
Ficción Generalstart date. 17 January 2024 End date. 27. July. 2024 "မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး...