ဆံမြတ်ချ လှပါပေ့....🌻
အပိုင်း(၂၀)
သူ သူမနဲ့အဆက်အသွယ်ဖြတ်သွားခဲ့တာတစ်ပတ်ပြည့်လေပြီး
။သူမ အလုပ်ကိုသွားတော့လည်း သူမအလုပ်ထွက်သွားပြီးဟုဆိုသည်။
ထို့ကြောင့် သူမ အိမ်ကိုစုံစမ်း၍ သူမအိမ်ရှေ့သို့ရောက်ခဲ့ပေမယ့် သူမအိမ်ထဲဝင်ဖို့ထိတော့သူ့မှာအင်အားမရှိပါ။
သူမအိမ်ရှေ့ကနေ လှည့်ပြန်ခဲ့တာလည်းအခါခါပါပဲ။
သူ သူမနဲ့ အဆက်အသွယ်ရဖို့ဘယ်လိုလုပ်ရမလဲ ....
သူမသိတော့။သူမအိမ်ဆီသွားဖို့ သူမ မိဘတွေကိုမေးချင်ပေမယ့် သူ့ရဲ့ အခြေအနေကြောင့်တွန့်ဆုတ်နေမိသည်။
ကျွန်တော်ကအန်တီသမီးရဲ့ချစ်သူပါလို့ ဘယ်လိုမျက်နှာနဲ့ပြောရမလဲ။
ကိုယ့်ကို လက်မခံနိုင်ဘူးလို့ခါးခါးသီးသီးပြုမှုခဲ့တဲ့သူမအသိုင်းအဝိုင်းဆီသူဘယ်လို ရင်ဆိုင်ရမှာလဲ
သူရဲဘောကြောင်တယ်ပဲ ပြောပြော ထိုသို့သွားတွေ့ရန် သူ့မှာ သတ္တိလည်းမရှိသလို အင်အားလည်းမရှိပါ။
သူစိတ်တွေလည်းပင်ပန်းနေကာ ကျောင်းကပြန်လာတာနှင့် အိပ်ယာထဲသာခွေခေါက်နေမိသည်။
အစာစားချင်စိတ်လည်းမရှိသလိုဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်းမရှိပါ။
သူအချိန်တွေကို ဆွေးမြေ့ခြင်းများဖြင့်ကျော်ဖြတ်ရင်း တစ်ပတ်ဆိုသည့် အချိန်သို့ကြာမြင့်လာသည်။
....
"ကိုကြီးဖိုးသာထူး ကိုကြီးဖိုးသာထူး ...."
မနက်စောစော
သူ့နားထဲ ထက်မြတ်ရဲ့အသံကစူးဝင်လာတော့ သူဒေါသကထောင်းခနဲထသွားရသည်။"ကျစ်....ဘာလဲကွာ ...ဘာလို့အော်ဟစ်နေတာလဲ"
"ကိုကြီးဖိုးသာထူး မြန်မြန်ထ ဟိုမှာ....ကိုကြီးဖိုးသာထူး အမေတက်လို့တဲ့"
"ဟင်"
သူ ငေါက်ခနဲထထိုင်ကာ ထက်မြတ်၏ မျက်လုံးပြူးမျက်ဆံပြူးအနေအထားကြောင့် သူ့ရင်ထံထိတ်သွားကာ
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....(Completed)
General Fictionstart date. 17 January 2024 End date. 27. July. 2024 "မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး...