part 17

642 21 0
                                    

ဆံမြတ်ချ လှပါပေ့....🌻

အပိုင်း(၁၇)

သူတစ်ညလုံးမရိုးမရွဖြင့် သူမအကောင့်ထဲဝင်ကြည့်လိုက်ပြန်ထွက်လိုက်လုပ်နေမိသည်။

သူမ စိတ်ဆိုးသွားမှာကိုလည်းစိုးရိမ်စိတ်ကရှိလို့နေကာ  သူ့ကိုပြန်မချစ်မှာလည်း မလိုလားဘဲ စိတ်တို့ပျာများနေမိသည်။

" မ...ကျွန်တော့ကို စိတ်ဆိုးသွားလားဟင်"

သူစာပို့ထားပါသော်လည်းသူမက ကြည့်ရုံသာကြည့်ထားပြီး စာပြန်မပို့ပါ။

ထို့ကြောင့်သူ့ရင်ထဲ မျောက်မီးခဲကိုင်ထားရသလို တအုံနွေးနွေးဖြင့် သူမမုန်းသွားပြီးလားဟူသည့်အတွေးတို့ဖြင့် အခွင့်သမားတစ်ယောက်ဟုသာ သူမတွေးလိုက်ပါလျှင် သူငိုချင်သွားသည်။

ထို့ကြောင့်ပဲ

"မ ကျွန်တော့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် နောက် မ ကိုစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်တော့ပါဘူး ကျွန်တော့ကိုမုန်းတော့မမုန်းလိုက်ပါနဲ့နော် မ မုန်းသွားတယ် ကျွန်တောခံစားနိုင်မှာမဟုတ်လို့ပါ ဖြစ်ခဲ့သမျှအတွက်တောင်းပန်ပါတယ်...."

သူ စာပို့ပြီး ဖုန်းပိတ်ကာ ရင်ထဲပူလောင်လျက် မျက်လုံးများကိုပိတ်လိုက်ချိန် နားထင်ကစိုစွတ်သွားသည်။

"ဟာ...ကိုကြီးဖိုးသာထူးရာမအိပ်သေးဘူးလား တညွတ်ညွတ်တညက်ညက်နဲ့ သားအိပ်‌လို့မရတော့ဘူး"

‌သူ့ဘေးဘက်တွင်အိပ်နေသည့် ထက်မြက်ကအိပ်နေရာမှ မှုန်ကုပ်ကုပ်ဖြင့် ညည်းညူးလာရာ

"ခွေးကောင်လေး မင်းက အကြီးကိုနော် ငါထထုလိုက်ရ"

"အိပ်ရင်လည်းအိပ်ပါတော့ဗျာ...မနက်အစောကြီးထရအုံးမယ်"

ထက်မြက်မှာ မျက်လုံးမှိတ်ထားလျက် ခေါင်းကိုတဗြင်းဗြင်းကုပ်ကာ မျက်နှာလေးရှုံ့မဲ့လျက်ညည်းရှာသည်မို့သူလည်းငြိမ်ကာ အိပ်ပျော်အောင်အိပ်လိုက်ရသည်။

မဟုတ်ရင် ဆရာသမားက ဆရာတော်ကိုသွားတိုင်နေမှခက်ကုန်မည်။

....

မနက် သူနိုးနိုးချင်း ညတည်းကဖုန်းကိုသာစိတ်ရောက်နေ၍ ဖုန်းကိုအရင်ဖွင့်ကြည့်မိသည်။

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now