part 27

978 41 15
                                    

ဆံမြတ်ချ လှပါပေ့....🌻

အပိုင်း(၂၇)

ညဘက်သူကွက်ပြစ်မှာအိပ်နေရင်း ရင်ထဲတုန်ကာ လူးလှိပ်နေရသည်။

အရက်ကိုဒီနေ့တစ်နေကုန် မသောက်ရသေး၍ သူ့မှာ နေမထိထိုင်မသာ ဖြစ်နေရ၏။

ကျွတ်....

သူ စုတ်သတ်ကာ နှစ်ရာတန်တစ်ရွက်ယူ၍ အရက်ဆိုင်ကိုထွက်လာခဲ့လိုက်သည်။

သူအရက်နှစ်ရာဖိုးသာ အာသာပြေရုံသောက်၍ ပြန်အိပ်မှ အိပ်ပျော်တော့သည်။

မနက်သူနိုးတော့ ပဲပြုတ်သည် ဒေါ်နွယ်အလာနှင့်တိုးတာမို့ ပဲပြုတ်ဝယ်ကာ ကြက်သွန်ပါးပါးလှီး၍ ဆီဆမ်း ဆားဖြူး၍ ပဲပြုတ်သုပ်နှင့်ထမင်းစားလိုက်သည်။

သူမိကြိုင်ကိုမှာစရာရှိတာများမှာ၍ ကိုဖိုးထောင်နှင့်အလုပ်ဆိုဒ်သို့ထွက်လာခဲ့လိုက်၏။

....

သူအလုပ်ကပြန်ရောက်ချိန် မိကြိုင်လည်း ထမင်းအဆင့်သင့်ချက်ထားပေးကာ သ‌ူဈေးကဝင်ဝယ်လာသည့် ငါးဖယ်ကိုကြော်၍ ခရမ်းချဉ်သီးအနှစ်လုပ်၍ ငါးဖယ်ကြော်ချက်ချက်လိုက်သည်

သူရေမိုးချိုးပြီး
မိကြိုင်နှင့်အတူထမင်းစားကြသည်။

ပြီးနောက် နှစ်ရာတန်တစ်ရွက်ယူ၍ အရက်ဆိုင်ကိုထွက်လာတော့သည်။

သူလစ်မစ်အတိုင်းသာသောက်၍ အိမ်ပြန်လာချိန် ရှစ်နာရီတောင်မထိုးသေးပေ။

သို့သော် မိကြိုင်ကတော့ အိပ်ပျော်သွားပြီးဖြစ်သလို မိုးဝင်စမို့ ချမ်းစိမ့်စိမ့်ဖြစ်နေ၍ မိကြိုင်ကိုစောင်ခြုံပေးမိသည်။

ထိုစဉ် မိကြိုင်ခေါင်းအုံးဘေးချထားသည့် စာအုပ်လေးကိုဘာရယ်မဟုတ်လှန်လျောကြည့်မိချိန် မိကြိုင်၏ပန်းချီစာအုပ်ဖြစ်လို့နေသည်။

ခဲတံဖြင့်ဆွဲထားသည့် ပုံတွေထဲတွင် ‌အမေသင်းမျက်နှာပုံရယ် သူ့ပုံရယ်သာ စာအုပ်ထဲပြည့်လို့နေ၏။

ဘယ်ဆရာမှမသင်ထားဘဲ မိကြိုင်ဆွဲထားသည့်လက်ရာမှ ပီပြင်လှသည်။

သူ့ပုံဆွဲထားသည့်ပုံတွေကိုသေချာကြည့်ရင်း သူနဲ့တူအောင်ဆွဲနိုင်တာ အံ့ဩမိသည်။

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now