ဆံမြိတ်ချလှပါပေ့....🌻
အပိုင်း(၃၂) အခန်း(၂)
အေ့ကွယ် ခုလိုသားအဖချင်းပြန်ဆုံရတာတွေ့တော့ဝမ်းသာတယ် ဒါနဲ့ ဖိုးသာထူးအမေရောမပါလာဘူးလား သူလည်းသူ့သားလေးနဲ့တွေ့ချင်ရှာမှာပေါ့"
ဒေါ်ရီမြင့်မှ ထူးသာတို့အကြောငါးသိသွားချိန် ထူးသာအတွက်ဝမ်းသာမဆုံးတပြုံးပြုံးဖြင့် ဆိုလာသည့်စကားမှာ သူမအကြောင်းစုံမသိသူမို့ သဘောရိုးဖြင့်မေးလိုက်ခြင်းဖြစ်သည်။
ထိုအခါ ထူးသာ၏မျက်နှာမှာ ငယ်ကျသွားသလို ဦးသုတအောင်မှာလည်းမျက်နှာမပျက်အောင်ထိန်း၍
"သူ့အမေက ကျန်းမာရေးသိပ်မကောင်းလို့ မလာနိုင်ဘူးလေ အဲ့ဒါသားအတွက်လိုအပ်တာတွေစီစဉ်ပြီးတာနဲ့ သူ့မာမီဆီတခါတည်းခေါ်သွားမှာ သူ့မာမီကလည်းသူ့ကိုအရမ်းတွေ့ချင်နေတာလေ"
"ဟုတ်လား ငါတို့ဖိုးသာထူးလေး က ကုသိုလ်တွေအများကြီးလုပ်ခဲ့တော့ အကျိုးပြန်ပေးတာပေါ့အေ ခုလိုမိစုံဖစုံနဲ့ပြန်ဆုံတွေ့ခွင့်ရတာ ဝမ်းသာပါတယ်အေ "
"ဟုတ်ပါ့တော် ကျွန်မတို့လည်းဖိုးသာထူးကိုကိုယ့်တူကိုယ့်သားလိုသံယောဇဉ်ရှိပါတယ်တော် ခုလိုဖိုးသာထူးလေးကောင်းစားသွားတာ ရင်ထဲမှာဝမ်းနည်းဝမ်းသာနဲ့ဘယ်လိုပြောရမှန်းမသိတော့ပါဘူး"
"အော်ညည်းနဲ့ဘယ်နှယ့်ဝမ်းနည်းတာကပါလာတာတုန်း ဒါမင်္ဂလညသတင်းအေ့ ဝမ်းသာရမှာ ဝမ်းသာရမှာ"
"ဒါပေမယ့်..."
ဒေါ်ရီမြင့်က ဒေါ်လှမြင့်၏ပေါင်ကိုရိုက်ကာ ဆိုချိန် ဒေါ်လှမြင့်မှ မျက်နှာမကောင်းစွာ မေသင်းကြိုင်ထိုင်နေသည့်ဘက်မသိမသာလေးကြည့်လို့နေရှာသည်။
"ဟုတ်သားပဲ ဖိုးသာထူး သွားရင် မိကြိုင်ပါတခါတည်းခေါ်သွားမှာလား"
ထူးသာမှာ သူကိုယ်တိုင်ပင်လက်မခံနိုင်သေးသည့် အဖြစ်အပျက်တို့ကြောင့် ဘာကိုမှမတွေးနိုင်သေးခင် ထိုကိစ္စကိုလည်းမတွေးမိခဲ့ပါ ထို့ကြောင့် ဘယ်လိုစီစဉ်မလဲဆိုတာ သိချင်စိတ်ဖြင့် ဦးသုတအောင်အားကြည့်လိုက်စဉ်
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....(Completed)
General Fictionstart date. 17 January 2024 End date. 27. July. 2024 "မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး...