part 24

808 30 0
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၂၄)

ထိုနေ့မှစ၍ထူးသာ၏ဘဝလည်းတစ်ဆစ်ချိုးပြောင်းလဲလို့သွားသည်။

ကျောင်းလည်းမတက်တော့သလို ကိုဖိုးထောင်နှင့်အချိန်ပြည့်ပန်းရံအလုပ်ကိုသာလိုက်လုပ်တော့၏။

ထို့ပြင် အလုပ်ကပြန်လာတိုင်းလည်းကိုဖိုးထောင်တို့နှင့်တူတူ အရက်သောက်တက်လာသည်။

သူရလာသည့်လုပ်အားခများဖြင့် မေသင်းကြိုင်ကိုတော့ချက်ပြုတ်ကျွေးမွေးပါသည်။

သို့သော် စကားနည်းသွားကာ လိုအပ်သလောက်ပဲပြောတော့၏။

"ဖိုးသာထူး မင်းဒီလိုပဲနေတော့မှာလား ဟမ်....ကျောင်းဆက်မတက်တော့ဘူးလား ဟေ့ကောင်"

ကိုဖိုးထောင်က သူပုံစံကို အားမရစွာမေးလျှင်

"အဟက် ကျွန်တော့လိုကောင်က ဘယ်လိုလုပ်ပညာတက်ကြီးဖြစ်နိုင်တော့မှာလဲ ဒီလို လမ်းကိုရွေးပြီးမှ သူများပိုက်ဆံနဲ့ကျောင်းတက်ဖို့ဘယ်ဖြစ်နိုင်တော့မှာလဲ "

"ကျစ်....ဖိုးသာထူး မင်းအသက်ငယ်ငယ်လေးရှိသေးတယ် ဘဝကို အရှုံးပေးလိုက်တာလဲကွာ ဒီအရက်တွေလည်းဆက်မသောက်စမ်းနဲ့ကွာ ဒါမင်းပုံစံမဟုတ်ဘူး ဖိုးသာထူး"

"ကိုဖိုးထောင်ရာ ထားလိုက်ပါဗျာ ကျွန်တော့ဘဝနဲ့ကျွန်တော် ဖြစ်ချင်ရာဖြစ်ပါစေ ကျွန်တော်ခု ကျွန်တော့ဝတ္တရားတွေကို ကျေအောင်နေပေးတယ်လေ တော်ပြီးပေါ့ ကျန်တာတော့ ကျွန်တော် နေချင်သလိုနေခွင့်ပေးပါ ဒီအရက်....ဒီအရက်တွေမသောက်ရင် ကျွန်တော်ရူးသွားလိမ့်မယ်ဗျ ကျွန်တော့ကိုမူးခွင့်ပေးပါဗျာ"

ငိုရင်း သူဆိုတော့ ဘေးမှလူတွေလည်းသက်ပြင်းချရင်းသာ စိတ်မကောင်းဖြစ်ရုံမျှမတက်နိုင်ဘဲ ကြည့်သာကြည့်နေရတော့သည်။

....

"မိကြိုင်ရေ....ဟေ့ မိကြိုင်"

မေသင်းကြိုင် ထူးသာခေါ်သံကြောင့် အိမ်အောက်ဆင်းလာစဉ် လှေကားထစ်တွင် ဖရိုမရဲဖြင့် ထိုင်ကာ သူမနာမည်ကိုသာအော်ခေါ်နေသော ထူးသာ

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now