part 28

1K 32 10
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၂၈)

"အယ်တေယ် မိကြိုင်ကဒီလိုဆိုတော့‌ဘယ်ဆိုးလို့လဲ ပန်းချီတွေဘာတွေဆွဲတက်သားပဲ"

"ဟုတ်ပါ့ အရမ်းတော်တဲ့ငါတို့မိကြိုင်လေး"

ရပ်ကွက်ထဲမှ ဒေါ်မြင့်ရီနှင့် ဒေါ်လှမြင့်မှ မေသင်းကြိုင်၏ပန်းချီကားများကိုကြည့်ရှုကာချီးကျူထောပနာပြုနေကြခြင်းကြောင့် မေသင်းကြိုင်မှာပြုံးရွှင်လို့နေလေသည်။

"ဖိုးသာထူး မင်းဒီပန်းချီတွေကိုထုတ်မရောင်းဘူးလား"

"ကျွန်တော့ pageထောင်ပြီးတော့တင်တာပဲ ကိုဖိုးထောင် ဒါပေမယ့် ကြည့်တဲ့လူနည်းနေတယ်"

"အေ့ကွာ အဲ့ဒါဆို ပြခန်းတွေမှာ လိုက်စုံစမ်းကြည့်အါလား တကယ့်လိုပြခန်းမှာ မိကြိုင်ပန်းချီကားတဂ်ခွင့်ရရင် ကြိုက်တဲ့လူတွေ့သွားရင် နောက်ထပ်လည်း ထပ်တင်လို့ရတာပေါ့"

"ကျွန်တော်စုံစမ်းကြည့်လိုက်အုံးမယ်"

"အင်"

"အဟွတ်ဟွတ်"

ထူးသာဒီအတောအတွင်းချောင်းခနခနဆိုးသည်။
တခါတရံ သူတို့အလုပ်မှာ ကော်ပတ်စာစတာမျိုးပါလုပ်ရ၍ ဖှုန်တွေရှူမိလို့ထင်ပါသည်။

တခါတရံဆေးလိပ်သောက်တာတွေလည်းပါမှာပေါ့။

"ဖိုးသာထူး ချောင်းတွေတော်တော်ဆိုးနေပါလား မနေ့ကလည်း ညဘက်ကြီးမင်းချောင်းဆိုးသံ ကျုပ်တို့အိမ်ထိကြားရတယ် အရက်တွေကြောင့် အဆုတ်ထိတာနေမယ် အရက်ကိုဖြတ်နိုင်ရင်ဖြတ်ကြစမ်းပါအေ အိမ်ကကောင် နင်လည်း ဖြတ် အားနေ ဒီအရည်တမြမြနဲ့ နောက်ရောဂါရနေမယ်"

"ဟာ ..အမေကလည်း ကျွန်တော် ကကျန်းမာပြီးသား ဖိုးသာထူးလည်း ခု သူလျော့သောက်နေပါတယ်အမေရ အမေတို့များ ဖိုးသာထူးကိုဆုံးမတော့မယ်ဆို ကျွန်တော့ကိုဘယ်တော့မှမလွတ်ဘူး ဖိုးသာထူးရေ ငါလစ်ပြီး မဟုတ်ရင် နင်တို့ဒေါ်ရီ ငါ့ကိုရွှေပြည်အေးတရားတွေဟောတော့မှာ နားမခံနိုင်ဘူး ဟေ့ရောင်"

ကိုဖိုးထောင်က ပုဆိုးကပုံစကိုမကာ အမြန်အိမ်ပေါ်ကဆင်းသွား၍ သူ မေသင်းကြိုင်နှင့်ဒေါ်လှမြင့်တို့မှာရယ်ရသေးသည်။

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now