part 31

935 32 4
                                    

ဆံမြတ်ချ လှပါပေ့ ...🌻

အပိုင်း(၃၁)

ဦးသုတအောင်မှာ မေသင်းကြိုင်၏စိတ်ဝေဒနာကိုကုသရန်အစစအရာရာ လိုက်ပါကူညီပေးလေသည်။

ဦးသုတအောင်မှ တက်ကျွမ်းသည့် စိတ်ဆရာဝန်နှင့်တွေဆုံဆွေးနွေးမှုတွေပြုလုပ်ပေးသည်။

အမျိုးသမီးဆရာဝန်ကိုသာရှာ၍ မေသင်းကြိုင်အတွက်အဆင်ပြေရန် ကုသမှုတို့စတင်သည်။

ထို့ကြောင့် မေသင်းကြိုင်၏စိတ်အခြေအနေမှာ အနည်းငယ်တည်ငြိမ်လာတော့သည်။

ထိုအကြောင်းအရာကြောင့် အနီးအနားမှ ဒေါ်ရီနှင့် ဒေါ်လှမြင့်တို့မှာလည်း ဦးသုတအောင်ကို ဝိုင်းကျေးဇူးတင်ကြသည်။

"တော်သေးတာပေါ့ မိကြိုင်ကိုခုလိုကူညီပေးတာကျေးဇူးပါကွယ်"

"ရပါတယ် အစ်မကြီး ကျွန်တော် ဒီကလေးတွေကိုစတွေ့တည်းက ဂရုဏာသက်မိပါတယ် အဲ့ဒါကြောင့် ကူညီနိုင်တာမှန်သမျှကူညီပေးဖို့လည်းဆုံးဖြတ်ထားပြီးသားပါ"

"အေ့ကွယ် ကလေး‌နှစ်ယောက်ဘဝကလည်းသနားစရာပါ ကောင်လေးကအရင်ကလူတော်လေး ခုတော့မြင်တဲ့အတိုင်ပေစုတ်စုတ်လေးဖြစ်နေပြီး အစ်မတို့လည်းဖြောင်းဖြတာမရဘူး ကျောင်းပြန်တက်ဖို့ကိုလေ ဖိုးသာထူးက ထူးချွန်တော့ သူ့ကို သူဌေးလင်မယားနှစ်‌ေယာက်က ကျောင်းစရိတ်‌ေထာက်ပံ့‌ေပးထားတာ သူ့အနေနဲ့‌ကျတော့လည်း ဟုတ်တော့လည်းဟုတ်ပါတယ် သူတို့နှစ်ယောက်ဝမ်းရေးအတွက်အလုပ်လုပ်ရမှာဆိုတော့ ပညာရေးထက် ဝမ်းရေးကိုဦးစားပေးလိုက်ရတာပေါ့ "

သူတို့သုံးယောက်လုံးအိပ်ပျော်နေရှာသည့်မေသင်းကြိုင်ကိုကြည့်ကာသက်ပြင်းကိုယ်စီချလိုက်ကြမိ၏။

ဦးသုတအောင်မှာ ထူးသာဆိုသည့်ကောင်လေးကို သနားနေမိကာ ကျောင်းစရိတ်ရော အိမ်စရိတ်ပါထောက်ပံ့ပေးချင်နေမိသည်။

သူတို့စကားကောင်းနေချိန် ထူးသာတို့အိမ်ထဲသို့အမျိုးသမီးတစ်ဦးဝင်လာလေသည်။

"မောင်ထူးသာရှိလားရှင့်"

သူက အိမ်ရှေ့ဘက်ကိုကျောပေးထား၍ အသံလာရာကိုလှည့်ကြည့်လိုက်စဉ် မိုးသက်ဝေအားတွေ့လိုက်ရ၍ အံ့ဩသွားမိသည်။

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now