ဆံမြိတ်ချ လှပါပေ့🌻
အပိုင်း(၃၄)
"တစ်စိတ်လောက် ဖယ်ပေးကြပါဗျာ
ဖယ်ပေးကြပါ"သူ လူတွေအုံနေသည့် ကမ်းပါးနားအတင်းတိုးဝင်မိသည်။
လူအုပ်ကြီးကိုကျော်ခွရင်း လူသေအလောင်းကိုမြင်လိုက်ရချိန် သွေးပျက်မတက်ဖြစ်သွားရသည်။
"ဟာ.."
သူ မျက်လုံးများကိုလက်နှင့်အုပ်လိုက်မိပြီး သေချာကြည့်ရဲဖိူ့သတ္တိမရှိပါ။"သား မေသင်းကြိုင်ဟုတ်ချင်မှ ဟုတ်မှာပါ"
သူ့ပုခုံးကိုဦးသုတအောင်ကပုတ်၍ အားပေးစကားပြောမှသူလည်း စိတ်ကို နည်းနည်းလျော့လိုက်ကာ မဟုတ်ပါစေနဲ့ဟုသာစိတ်ထဲဆုတောင်းရင်း ရွှံ့တွေနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းရှိရာကိုချဉ်းကပ်သွားမိသည်
အလောင်မှာ ပုတ်ပွနေပြီးဖြစ်ကာ မျက်နှာနေရာ၌အညိုအမဲတွေနဲ့မို့ ဘယ်သူဘယ်ဝါမှန်းမသိနိုင်ပါ။
ခန္တာကိုယ်အနေအထားကလည်းစုတ်ပြတ်နေသည်မို့ ဘယ်သူဆိုတာတက်အပ်မခန့်မှနိးနိုင်။
"ဘေးဖယ်ကြ အားလုံး"
သက်ဆိုင်ရာလူများရောက်လာကာ အလောင်းကိုသယ်သွားမည်ပြုစဉ် သူ ထိုလူထဲမှတစ်ယောက်၏လက်ကိုဆွဲကာ
"အစ်ကို ဒီအလောင်းက ဘယ်သူရဲ့အလောင်းလဲ ဘယ်သူတဲ့လဲ
ဘယ်သူလဲဆိုတာ ကျွန်တော့ကိုပြောပြပေးလို့ရမလား"သူ အသည်းအသန်လိုက်မေးနေ၍ ထိုလူကပင်သူ့ကိုထူးဆန်းစွာကြည့်၍
"အလောင်းပုံကြည့်ရတာ ခုလိုပုတ်ပွနေတာဆိုတော့ ရေထဲမှာသေနေတာ သုံးလေးရက်ကြာပြီးထင်တယ် ကျွန်တော်တို့လည်းခုလောလောဆယ်ဘာမှမသိသေးဘူး အရင်ဆုံးရင်ခွဲရုံပို့ရမှာ "
ဟုဆိုကာ ထွက်သွားလေသည်။
"သုံးလေးရက်ဆိုရင်တော့ မဖြစ်နိုင်ဘူး မေသင်းကြိုင်ပျောက်သွားတာ မနေ့ညကမှလေ"
ဦးသုတအောင်စကားကို ကိုဖိုးထောင်ကလည်း စဉ်းစားဟန်ခေါင်းတညိတ်ညိတ်နှင့် သူ့ကိုကြည့်ကာ
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....(Completed)
General Fictionstart date. 17 January 2024 End date. 27. July. 2024 "မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး...