final part ♥️

1.5K 57 18
                                    

ဆံမြိတ်ချ လှပါပေ့...🌻

(ဇာတ်သိမ်းပိုင်း)

ညဘက်တွင်အားလုံးမေသင်းကြိုင်ကိုဆူသူဆူ ချော့သူချော့ဖြင့် ပြန်သွားကြချိန် ဦးသုတအောင်ကလည်း မိကြိုင်နဲ့သူ့ကိုနုတ်ဆက်ခါပြန်လို့သွား၏။

မေသင်းကြိုင်ဘေး သူသက်ပြင်းချကာဝင်ထိုင်လိုက်တော့ ခေါင်းငုံ့ထားရှာ၏။

"ဟူး နင်လုပ်လို့ငါဘယ်လောက်ခေါင်းမီးတောက်သွားရလဲသိလား မိကြိုင်ဟင်"

သူ စိတ်ပေါက်ပေါက်ဖြင့် နားထင်ကို လက်ညှိုးဖြင့် ဖိထိုးပေးလိုက်တော့ ငိုမဲ့မဲ့နှင့်

"ဘာလို့ အဲ့လိုတွေလျှောက်သွားရတာလဲဟာ မပြောမဆိုဘဲ လိုက်လျှောက်သွားတာ ငါမကြိုက်ဘူးနော် မိကြိုင် နောက်တစ်ခါဆို နင်ခြေထောက်ကိုရိုက်ချိုးပစ်မယ် ကြားလား"

သူဆူငေါက်တော့လည်း တုတ်တုတ်မျှမလှုပ်ဘဲငြိမ်နေရှာ၏။

ပြောလိုက်ရင်မထုံတက်သေးနဲ့ ပြန်မပြောနားမထောင် လုပ်လိုက်ရင်ကြည့်လေ လူတွေ နှလုံးရောဂါရမတက်ဘဲ။

"ငါလေ ငါတော်တော်စိတ်ထိန်းနေရတယ် နင်ခုလိုလျှောက်သွားတာ ဘယ်လောက်အန္တရာယ်များလဲသိလား အခက်မသင့်ရင်နင်ဒုက္ခရောက်သွားနိုင်တယ် မိကြိုင်ရ ...
နင်ခုလိုတွေကြပ်ကြပ်လုပ် ငါ့ကိုအမျိုးမျိုးဒုက္ခပေး ငါမရှိတော့မှ နင်နောင်တရမယ်"

ထိုသို့သူငေါက်ငမ်းလိုက်ရာ အင့်ခနဲ မျက်ရည်တွေဗူးသီးလုံးလောက်ကျကာ ငိုပါတော့သည်။

"ဟင်း မပြောတော့ဘူး နင့်ကိုဘာမှမပြောရဲဘူး ထစ်ခနဲဆိုငိုဖို့ပဲ နင်လုပ်လို့ ငါဘယ်လောက်စိတ်ပူနေရလဲ နင်မသိဘူး နင့်ဟာလေ ငါ့ကိုဒုက္ခပေးဖို့များ အမေသင်းမွေးပေးလိုက်တာလားမသိဘူး"

သူတော်တော်လေး စိတ်ပင်ပန်းလူပင်ပန်းခဲ့ရတာမို့ အရင်လိုသာဆို ထိပ်ခေါက်ပစ်သည်။

သူများ တစ်ခုခုဖြစ်သွားပြီးလားဆိုသည့်စိတ်နှင့်လူကရူးမတက်ပင်။

ဒီဟာမလေးက လုပ်ချင်ရာလုပ်ပြီး မျက်ရည်ခံထိုးတက်သည့် အကျင့်ပါလို့နေပေပြီး။

ဆံမြိတ်ချ လှပါပေ့.....(Completed)Where stories live. Discover now