“နှိုင်း စာရေးတော့မယ် Honey...”
“ဟုတ်ပြီ ကလေး။ကိုယ့်အလုပ်တွေလုပ်နေမယ်။လိုအပ်တာရှိရင် ကိုယ့်ကိုလာပြောနော်”
“ဟင်.....အလုပ်မသွားဘူးလား Honey”
“မသွားတော့ဘူး။ကိုယ့်ကလေးရဲ့အနားမှာပဲနေချင်လို့.....”
“အင်းပါ....ရှင့်သဘော...ကျွန်မ စာကြည့်ခန်းထဲသွားတော့မယ်”
နှိုင်းထွက်သွားသောအခါ မိမိလုပ်စရာရှိသည်များကိုလုပ်ရင်း နှိုင်းအကြောင်းတွေးရင်း Rayအလုပ်ရှုပ်နေခဲ့သည်။
နှိုင်းက စာရေးပြီဆိုလျှင် ဘာမှမလုပ်တော့ပဲ အဲ့ဒီစာကြည့်ခန်းထဲမှာ တစ်နေ့လုံး အချိန်ကုန်နေတော့တာလေ။
အစားအသောက်စားဖို့ကိုတောင် Rayကိုယ်တိုင်ပဲ သေချာစီမံပြီးစာကြည့်ခန်းထဲအရောက်ပြုစုကျွေးမွေးရတာ ထုံးစံတစ်ခုဖြစ်နေပြီပေါ့။
တဖြည်းဖြည်းနှင့် တစ်နေ့လုံး နှိုင်းကိုဂရုစိုက်ပေးလိုက်၊မိမိအလုပ်တွေလုပ်လိုက်ဖြင့် Rayရဲ့အချိန်တွေကိုကုန်ဆုံးနေခဲ့သည်။
ယခု ညနေစောင်းအချိန်သို့ပင်ရောက်ရှိလာခဲ့ပြီဖြစ်၏။နှိုင်းကို ညနေစာခွံကျွေးပြီးသောအခါ မိမိရဲ့အလုပ်စားပွဲမှာထိုင်ရင်း အလုပ်လုပ်ဖို့Rayကြိုးစားလိုက်သည်။
အစပိုင်းတွင် အလုပ်လုပ်နိုင်သော်လည်း အချိန်ကြာလာသောအခါ နှိုင်းရဲ့အကြောင်းတွေက Rayရဲ့ခေါင်းထဲရောက်လာပြန်လေသည်။
ဤသို့ဖြင့် အနှိုင်းမဲ့နှင့်လက်ထပ်ထိမ်းမြားခွင့်ရခဲ့သော အတိတ်မှနေ့ရက်လေးဆီသို့ Rayရဲ့စိတ်အာရုံတွေပြန်လည်ရောက်ရှိသွားခဲ့ရတော့သည်။
***************************
အဲ့ဒီနေ့က.........။
နှိုင်းထံသို့Rayဆီမှဖုန်းခေါ်ဆိုမှုဝင်ရောက်လာခဲ့ပါ၏။နှိုင်းကဖုန်းကိုဖွင့်၍ နားထောင်လိုက်သောအခါ
"ကလေး.....မင်းရဲ့အိမ်ရှေ့တံခါးကို အခုချက်ချင်းလာဖွင့်ပေးသင့်တယ် ထင်တယ်"
"ဘယ်လို......"
"မေးခွန်းတွေမမေးပဲ တံခါးအရင်လာဖွင့်ပါ ကလေးမ"
YOU ARE READING
Ray💛
Fantasyကောင်းကင်တမန်တစ်ပါးက Vampireမိန်းကလေးတစ်ယောက်ကိုချစ်မိလို့ အပြစ်ပေးခံရပြီး ကောင်းကင်ဘုံမှအစွမ်းတွေရုတ်သိမ်းခံရသောအခါ........။ အဲ့ဒီကောင်းကင်တမန်က သူချစ်တဲ့မိန်းကလေးကို Vampireဘဝမှကယ်တင်ပြီး လူသားတစ်ယောက်အဖြစ်ပြန်လည်ဝင်စားမွေးဖွားစေခဲ့တယ်.....။ သို့သ...